ရွေးရခက်နေတဲ့ ပယ်လီဂရီနီ

Aug 11 , 2014

မန်စီးတီးနည်းပြ ပယ်လီဂရီနီကသူသည် ဂိုးသမားနေရာအတွက် မည်သူ့ကိုဦးစားပေးရမည်ကို ဝေခွဲမရခက်နေကြောင်း ပြောဆို လိုက်သည်။

ပယ်လီဂရီနီသည် အာဆင်နယ်ကို ၃းဝ ဖြင့် ရှုံးခဲ့သော ကွန်မြူနတီဒိုင်းပွဲတွင် ဂိုးသမားနေရာ၌ ဂျိုးဟတ်အစား ကာဘယ်လီယိုကို ထည့်သုံးခဲ့သည်။

ပယ်လီဂရီနီက အသင်းရှိကစားသမား ၂၂ ဦး တိုင်း၌ ၎င်းတို့ကစားရမည့် နေရာများအတွက် အခွင့်အရေးရှိနေကြောင်း၊ ဂျိုးဟတ်မှာ လွန်ခဲ့သောရာသီက ကောင်းမွန်စွာကစားနိုင်ခဲ့သူဖြစ်ကြောင်း၊ လာမည့် တနင်္ဂနွေနေ့ နယူးကာဆယ်နှင့်ပွဲတွင် မည်သူဂိုးဖမ်းခွင့် ရမည်ကို စောင့်ကြည့်ကြစေလိုကြောင်း ပြောဆိုခဲ့သည်။

ပယ်လီဂရီနီ မာလာဂါအသင်းတို့ ကိုင်တွယ်စဉ်က ဂိုးသမားဖြစ်ခဲ့သော ကာဘယ်လီယိုမှာ အာဂျင်တီးနားသားဖြစ်ပြီး မန်စီးတီး သို့ ပေါင် ၆ သန်းဖြင့် ရောက်ရှိခဲ့သော်လည်း လက်စွမ်းမှာ သာမန်မျှသာ ဖြစ်သည်။

ထို့အပြင် ကာဘယ်လီယိုမှာ ကမ္ဘာ့ဖလားပွဲဝင် လက်ရွေးစင်အဖြစ် တစ်ခါမျှ ၀င်ကစားခဲ့ရဘူးခြင်း မရှိပေ။

U Myo Thant




<< Back


Advertisement
Here