လေ့ကျင့်နေတဲ့ ဘန့်တနာ

Aug 11 , 2014

အသင်းလက်မဲ့ဖြစ်နေသော တိုက်စစ်မှူး ဘန့်တနာမှာ သူ၏သူငယ်ချင်းများနှင့်လေ့ကျင့်နေပြီး လေ့ကျင့်နေပုံများကို Online မှ တစ်ဆင့် လွှင့်တင်ကာ သူ၏ကြံ့ခိုင်မှုရှိနေပုံများကို သက်သေပြခဲ့သည်။

အာဆင်နယ်တွင် ကစားခဲ့ဘူးသော ဒိန်းမတ်တိုက်စစ်မှူး ဘန့်တနာကို ဘွန်ဒစ်လီဂါကလပ်တစ်ခုဖြစ်သည့် ဖရန့်ဖတ်က စိတ်ဝင် စားနေသည်ဟုသိရပြီး ပရီးမီးယားကလပ် အက်စတန်ဗီလာကလည်း ခေါ်လိုသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။

သို့သော် လုပ်ခလစာမြင့်မားစွာပေး၍ ခေါ်ရမည်ကိုမူ လက်တွန့်ကြလိမ့်မည်ဟုလည်း သိရသည်။

ယခင်က ကွင်းလယ်ကစားသမား အိုဝင်ဟားဂရေ့စ်မှာလည်း ခေါ်ယူမည့်ကလပ်မရှိသေးသဖြင့် သူ၏ကြံ့ခိုင်မှုရှိပုံကို ယခုကဲ့သို့ ဗီဒီယိုဖိုင်များ လွှင့်တင်ခဲ့ပြီးနောက် အသင်းသစ်ရှာဖွေခဲ့ဘူးသည်။

U Myo Thant




<< Back


Advertisement
Here