La-liga News

နားရဦးမည့် မက်ဆီ

Sep 03 , 2016

အာဂျင်တီးနားသား မက်ဆီမှာ ပေါင်ခြံဒဏ်ရာကြောင့် လာမည့် အင်္ဂါနေ့ ဗင်နီဇွဲလားနှင့် ကစားရမည့် ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို လွဲချော်မည် ဖြစ်သည်။

ဘာစီလိုနာ တိုက်စစ်မှုးလည်းဖြစ်သူ မက်ဆီမှာ လက်ရွေးစင်ဘ၀မှ နားမည်ဟု ပြောဆိုခဲ့ပြီးရာမှ ကြာသပတေးနေ့ ဥရုဂွေးနှင့် ကစားရသော ခြေစစ်ပွဲတွင်  အာဂျင်တီးနားအတွင် ပါဝင်ကစားခဲ့ပြီး အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။

မက်ဆီမှာ ထိုပွဲတွင် ဒဏ်ရာရနေခြင်းဖြစ်ပြီး နည်းပြ ဘူဇာက သူ့အနေနှင့် မက်ဆီကိုစိတ်မချရမချင်း ကစားခိုင်းမဟုတ် ဟု ပြောဆိုခဲ့သည်။

၁၀ နိုင်ငံပါဝင်သော တောင်အမေရိကဇုန် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ၁၈ပွဲ ကစားရမည်ဖြစ်ပြီး၊ လက်ရှိ ၇ပွဲ ကစားပြီး ရာတွင် အာဂျင်တီးနားက ၁၄မှတ်ဖြင့် အုပ်စုကို ဦးဆောင်နေပြီး ဥရုဂွေး၊ ကိုလံဘီယာ၊ အီကွေဒေါတို့မှာ ၁၃ မှတ်စီရထားကာ ဘရာဇီးက ၁၂မှတ် ရထားသည်။

ထိုဇုန်တွင် ထိပ်ဆုံး ၄သင်းက တိုက်ရိုက်ခြေစစ်ပွဲ အောင်မည်ဖြစ်ပြီး၊ ပဉ္စမနေရာမှ အသင်းမှာ သမုဒ္ဒရာပိုင်းဇုန်မှ အသင်းနှင့် Play-Off ၂ကျော့ ကစားခွင့်ရမည် ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here