ဈေးအကြီးဆုံး ခံစစ်မှူး

Aug 12 , 2014

မန်စီးတီးအသင်းသည် ပြင်သစ်သားနောက်ခံလူမန်ဂါလာကို ပေါင် ၃၂ သန်းဖြင့် ခေါ်ယူခဲ့ပြီဖြစ်၍ ယင်းခံစစ်မှူးမှာဗြိတိသျှဘောလုံး သမိုင်းတွင် ဈေးအကြီးဆုံးခံစစ်မှူးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်သည်။

ယခင် ဈေးအကြီးဆုံး ခံစစ်မှူးအဖြစ်စံချိန်တင်ခဲ့သူမှာ ဖာဒီနန်ဖြစ်ပြီး ၂၀၀၂ တွင် လိဒ်စ်မှ မန်ယူသို့ပြောင်းရွေှ့ကြေး ပေါင် သန်း ၃၀ ပေးခဲ့ရသူ ဖြစ်သည်။

အသက် ၃၂ နှစ်ရှိပြီဖြစ်သော မန်ဂါလာမှာ ပေါ်တိုမှ ရောက်ရှိလာခြင်းဖြစ်ပြီး မန်စီးတီးသို့ယခုနွေတွင် ဆဌမမြောက် ရောက် ရှိခဲ့သူဖြစ်သည်။

၅ နှစ်စာချုပ်ချုပ်ဆိုခဲ့သော မန်ဂါလာမှာ ကွန်ပါနီနှင့် တွဲကစားရလိမ့်မည်ဖြစ်ပြီး မန်ဂါလာက ပရီးမီးယား ချန်ပီယံအသင်း သို့ ပြောင်းရွှေ့ခွင့်ရခဲ့၍ များစွာဝမ်းသာလှပါကြောင်း ပြောဆိုခဲ့သည်။

မန်ဂါလာထက် အရင် မန်စီးတီးသို့ရောက်ရှိလာသော ကစားသမားများမှာ ဖာနန်ဒို၊ ကာဘယ်လီယို၊ ဆက်ဂနာ၊ ဇူကူလီနီ၊ လမ်းပတ် တို့ ဖြစ်ကြသည်။

U Myo Thant




<< Back


Advertisement
Here