Europe News

နောက်ကျဂိုးဖြင့် နိုင်ခဲ့သော အင်္ဂလန်

Sep 05 , 2016

၂၀၁၈ ကမ္ဘာ့ဖလားဝင်ခွင့် ခြေစစ်ပွဲ ပွဲဦးထွက်အဖြစ် အဝေးကွင်းတွင် စလိုဗက်ကီးယားနှင့် ကစားရသောပွဲစဉ်တွင်  အင်္ဂလန်အသင်းမှာ ဒုတိယပိုင်း နာကျင်အချိန်ပို ၅မိနစ်တွင်မှ ဂိုးသွင်းကာ အနိုင်ယူ ရရှိခဲ့သည်။

အသင်းခေါင်းဆောင် ရွန်းနီအပါအ၀င် ကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သော အင်္ဂလန်မှာ အနိုင်ရရှိန် ရုန်းကန်ခဲ့ရပြီး၊ ဒုတိယပိုင်း ၅၇ မိနစ်တွင်မှစ၍ တစ်ယောက်အသာဖြင့် ကစားရသော်လည်း ပွဲပြီးခါနီးမှ ကွင်းလယ်လူ လယ်လာနာက အဖိုးတန် အနိုင်ဂိုးကို သွင်းပေးခဲ့ခြင်း ဖြစ်သည်။

နည်းပြ ဆမ်အလာဒိုက်စ်အတွက် မျက်နှာပန်းလှစရာပွဲဖြစ်ခဲ့ရပြီး၊ ၆သင်းပါ အုပ်စုပွဲ ခြေစစ်ပွဲ အုပ်စု F တွင် အင်္ဂလန်နှင့်အတူ စကော့တလန်မှာလည်း နိုင်ပွဲရကာ လစ်သူရေးနီယားနှင့် စလိုဗက်ကီးယား တို့မှာ ၂ဂိုးစီ သရေကျသွားခဲ့သည်။

အင်္ဂလန်အသင်းမှာ လာမည့်အောက်တိုဘာ ၈ရက်နေ့တွင် မော်လ်တာနှင့် အိမ်ကွင်းပွဲကစားရမည်ဖြစ်ပြီး မော်လ်တာမှာ အိမ်ကွင်း တွင် စကော့တလန်ကို ၁း၅ဖြင့် ရှုံးထားခဲ့သောအသင်း ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here