La-liga News

ပွဲရွှေ့ဆိုင်းရနိုင်သော လာလီဂါ

Sep 08 , 2016

စပိန်တွင် ရာသီဥတုအပူချိန်မှာ ၄၀ံC အထိရှိနေသဖြင့် ယခုအပတ်ပွဲစဉ်များကို အခြေအနေအရ ဖျက်သိမ်းရွှေ့ဆိုင်းရနိုင်ကြောင်း သိရသည်။

အပူချိန် ၃၆ံC ၀န်းကျင်တွင်ရှိနေပါက ဘောလုံးပွဲကစားရန် မသင့်တော်ဟု သတ်မှတ်ထားပြီး စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တီဘက်စ်ကမူ ပွဲအတွင်းကွင်းကို ရေဖျန်းပေးနေသင့်ကြောင်းလည်း အကြံပြုလိုက်သည်။

ယခုလာမည့်အပတ်တွင် ဆဲလ်တာနှင့် အက်သလက်တီကို၊ ရီးရဲလ်နှင့် အိုဆာဆူနာပွဲများမှာ မွန်းလွဲပိုင်းတွင်ကစားရန် ပွဲစဉ်ရေး ဆွဲထားသောကြောင့် အပူချိန်သာလျော့ချမသွားခဲ့ပါက အချို့သော လာလီဂါပွဲစဉ်အချို့ကို ဖျက်သိမ်းရမည် ဖြစ်သည်။

ရီးရဲလ်အသင်းမှာ လွန်ခဲ့သော ပွဲစဉ် (၂)အဖြစ် ဆဲလ်တာနှင့် ကစားစဉ်က အပူချိန်မှာ ၃၂ံC သာရှိခဲ့ပြီး၊ လာမည့် ပွဲစဉ်  (၃) ကစားချိန်တွင် ထိုအပူချိန်ခန့်မဟုတ်ပဲ ၃၆ံC နှင့်အထက် ရှိနေပါက ပွဲကိုမကစားသင့်ဟု ဆုံးဖြတ်လိမ့်မည်ဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here