La-liga News

ယုံကြည်မှုရှိသော နေမာ

Sep 08 , 2016

ဘာစီလိုနာ တိုက်စစ်မှုး နေမာမှာ နိုင်ငံအသင်းအတွက် ကစားပေးခဲ့ရသော်လည်း အလာဗက်စ်နှင့် တွေ့ရမည့် လာလီဂါပွဲတွင် အကောင်းဆုံး ပါဝင်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုလိုက်သည်။

နေမာမှာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ဘရာဇီးအသင်းနှင့်အတူ အီကွေဒေါ၊ ကိုလံဘီယာတို့နှင့် ပွဲစဉ်များတွင် ပါဝင်ကစားခဲ့ရပြီး အနိုင်ရခဲ့သော ထိုပွဲ၂ပွဲလုံးတွင် ၁ဂိုးစီ သွင်းယူနိုင်ခဲ့သည်။

နေမာမှာ ဘရာဇီးမှ စပိန်သို့ ယမန်နေ့ကမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး စနေနေ့ အလာဗက်စ်နှင့် အိမ်ကွင်းပွဲတွင် ပါဝင် မည် ဖြစ်သည်။

၂၄နှစ်သား နေမာမှာ ယခုရာသီတွင် ဘာစီလိုနာအတွက် ပါဝင်ကစားခွင့်မရခဲ့သေးပဲ ဘရာဇီး အိုလံပစ်ပွဲနှင့် အတူ ခြေစစ် ပွဲများကိုပါ ဘရာဇီးအတွက် ကစားပေးခဲ့ရသူ ဖြစ်သည်။

ဘာစီလိုနာအသင်းမှာ နေမာမပါသော လာလီဂါအဖွင့်ပွဲစဉ် နှစ်ပွဲစလုံးတွင် အနိုင်ရခဲ့ပြီး လာပါးမက်စ်၊ ရီးရဲလ်တို့နှင့် အတူ အမှတ်တူ ရပ်တည်နေဆဲ ဖြစ်သည်။

 

U Myo Thant




<< Back La-liga News


Advertisement
Here