Bundesliga News

ဘိုင်ယန်တွင် ရီဘာရီဆက်နေမည်

Sep 08 , 2016

ပြင်သစ်လက်ရွေးစင်ဟောင်း ရီဘာရီက သူ့အနေနှင့် ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်တွင် ဆက်ကစားရန် မျှော်လင့် ထားကြောင်း ပြောဆိုလိုက်သည်။

ရီဘာရီနှင့် ဘိုင်ယန်တို့၏ လက်ရှိစာချုပ်မှာ ယခုရာသီအကုန်တွင် သက်တမ်းပြည့်မည်ဖြစ်ပြီး ဘိုင်ယန်တွင် ၁၀နှစ်ကြာခဲ့ပြီဖြစ်သည့် ရီဘာရီက ထိုအချိန်မတိုင်မီ သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်မည်ဟု ပြောဆိုသွားခဲ့သည်။

ရီဘာရီမှာ လွန်ခဲ့သော ရာသီက ဒဏ်ရာကိစ္စများကြောင့် ပွဲများစွာ မကစားခဲ့ရသော်လည်း ယခုရာသီတွင် ကြံ့ခိုင်မှု အပြည့်ဖြင့် ပြန်ကစားနိုင်မည်ဟု မျှော်လင့်ထားလျက် ရှိသည်။

ရီဘာရီက "ကျနော့်အနေနဲ့ နောက် ၂ရာသီ ၃ရာသီလောက် ဆက်နေသွားဖို့ မျှော်လင့်ပါတယ်။ ဘာတွေဖြစ်လာမလဲတော့ မ သိသေးပါဘူး။ ကျနော်အနေနဲ့ ကြံ့ခိုင်မှုကတော့ အပြည့်ပါပဲ" ဟု ပြောဆို သွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here