Bundesliga News

သပိတ်မှောက်မည့် ပရိသတ်

Sep 09 , 2016

တန်းတက်လိုက်ပဇစ်အသင်းနှင့် ကစားရမည့် အဝေးကွင်းပွဲကို ဒေါ့မွန်ပရိသတ်များက သွားရောက်အားပေးခြင်းမပြုပဲ သပိတ်မှောက်မည်ဟု ဆိုသည်။

လိုက်ပဇစ်အသင်းမှာ အားဖြည့်အချိုရည်ဖြစ်သော Red Bull က ထောက်ပံ့ပေးထားသော အသင်းဖြစ်ပြီး၊ ၂၀၀၉ ခုနှစ်တွင်မှ စတင်တည်ထောင်ကာ ပဉ္စမတန်းအဆင့်မှ ကစားခဲ့ရာ ရာသီတိုင်းတွင် တန်းတက်လာခဲ့ပြီးနောက် ဘွန်ဒစ်လီဂါအဆင့် အထိ ရောက်ရှိလာသည့် အသင်းဖြစ်သည်။

ဩစတြီးယား အချိုရည်ကုမ္ပဏီတစ်ခုက ထောက်ပံ့ပေးထားသော အသင်းကွင်းသို့ မိမိတို့ သွားရောက်မည်မဟုတ် ဟု ဒေါ့မွန်ပရိသတ် အဖွဲ့တစ်ခုက ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ဒေါ့မွန်ပရိုဖန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နီကိုလိုင်ကမူ ၎င်းတို့အနေနှင့် ထိုပွဲ ကို သပိတ်မှောက်မည်မဟုတ်ဟု ဆိုခဲ့သည်။

လိုက်ပဇစ်အသင်း အားကစားဒါရိုက်တာ ရန်နစ်စ်က အိမ်ရှင်ပရိသတ်များအတွက် လက်မှတ်စောင်ရေ ရောင်းချပေးနိုင်မှု၏ ၂ဆကျော်ကို ရောင်းပေးပြီဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here