La-liga News

ပိတ်ပင်ခံရသော မက်ဒရစ်၂သင်း

Sep 09 , 2016

ဖီဖာ၏ အပြောင်းရွှေ့ စည်းမျဉ်းအချို့ကို ချိုးဖောက်ခဲ့ခြင်းကြောင့် စပိန် မက်ဒရစ်မြို့ခံ ၂သင်းဖြစ်သော ရီးရဲလ်နှင့် အက်သလက်တီကိုတို့ကို လာမည့် အပြောင်းအရွှေ့ကာလ ၂ခုတွင် မည်သည့် ကစားသမားကိုမျှ ခေါ်ယူ၊ ထုတ်ရောင်းခွင့်မပြုသော တားမြစ်ပိတ်ပင်သည့် ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်သည်။

ယင်း ၂သင်းမှာ အဆိုပါ ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့သော်လည်း ဖီဖာက ပယ်ချခဲ့ခြင်းကြောင့် လာမည့် ၂၀၁၇ ဇန်န၀ါရီလ အပြောင်းအရွှေ့နှင့် ၂၀၁၇ ဩဂုတ်လ အပြောင်းအရွှေ့များတွင် မည်သည့် ကစားသမားကိုမျှ ခေါ်ယူခြင်း၊ ထုတ်ရောင်းခြင်း၊ အငှားချခြင်းမျိုး ပြုနိုင်တော့မည် မဟုတ်ပေ။

ထိုကဲ့သို့ ပြစ်ဒဏ်မျိုးကို ၂၀၁၄တွင် ဘာစီလိုနာအသင်း ချမှတ်ခံခဲ့ရဖူးသည်။

အက်သလက်တီကိုနှင့် ရီးရဲလ်တို့မှာ ထိုပြစ်ဒဏ်အပြင် ဒဏ်ငွေအဖြစ် စပိန်သုံးငွေ ၉သိန်းနှင့် ၃သိန်း ၆သောင်းစီ ပေးဆောင်ကြ ရမည် ဖြစ်သည်။

 

U Myo Thant

<< Back La-liga News


Advertisement
Here