Bundesliga News

ကလိုဆေး နားပြီ

Aug 12 , 2014

ဂျာမနီ၏ဂိုးသွင်းအများဆုံး တိုက်စစ်မှူးအဖြစ် စံချိန်တင်ထားသည့်တိုက်စစ်မှူး ကလိုဆေးသည် နိုင်ငံလက်ရွေးစင်အဖြစ်မှ အနားယူ လိုက်ပြီ ဖြစ်သည်။

အသက် ၃၆ နှစ်ရှိပြီဖြစ်သော လာဇီယိုတိုက်စစ်မှူး ကလိုဆေးမှာ ပြီးခဲ့သည့်ကမ္ဘာ့ဖလားပွဲတွင် ဂျာမနီဗိုလ်စွဲရေးအတွက် ကြိုးပမ်းခဲ့ သူ ဖြစ်သည်။

ဂျာမနီအတွက် စုစုပေါင်း ၁၃၇ ပွဲကစာ ၇၁ ဂိုးသွင်းယူပေးခဲ့သည့် ကလိုဆေးသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ၄ ကြိမ်ဆက်တိုက်တင် ဂိုးသွင်းနိုင်ခဲ့သော တတိယမြောက် ဘောလုံးသမားအဖြစ်လည်း မှတ်တမ်းဝင်ထားသူ ဖြစ်သည်။

ပိုလန်တွင်မွေးဖွားခဲ့ပြီး ဂျာမနီလက်ရွေးစင် အဖြစ် ၁၃ နှစ်ကြာ ကစားခဲ့သည့် ကလိုဆေးက သူ့အနေနှင့်ဂျာမနီအတွက် ပေးဆပ် ခွင့်ရခဲ့သည်များအပေါ် ဂုဏ်ယူစွာဖြင့် အမှတ်တရရှိနေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

သူသည် ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ဂိုးအများဆုံးသွင်းထားသူအဖြစ် ဘရာဇီးမှ ရော်နယ်ဒိုကို ကျော်ကာ စုစုပေါင်း ၁၆ ဂိုးဖြင့် စံချိန် တင်ခဲ့သူလည်း ဖြစ်သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here