La-liga News

ယနေ့ည စီရိုနယ်ဒိုပါမည်

Sep 10 , 2016

ယူရို ၂၀၁၆ ဗိုလ်လုပွဲတွင်ရခဲ့သော ဒဏ်ရာကြောင့် နားနေခဲ့ရသော ပေါ်တူဂီ လက်ရွေးစင် စီရိုနယ်ဒိုမှာ ယနေ့ အိုဆာဆူနာနှင့် ကစားရမည့်ပွဲတွင် ရီးရဲလ်ဘက်မှ စတင်ပါဝင်ကစားတော့မည် ဖြစ်သည်။

အသက် ၃၁နှစ်အရွယ် စီရိုနယ်ဒိုမှာ ရီးရဲလ်၏ ယခုရာသီပြိုင်ပွဲ ၃ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိပဲ နားနေခဲ့ရသူ ဖြစ်သည်။

ရီးရဲလ်အသင်းမှာ စီရိုနယ်ဒိုမပါဝင်နိုင်ခဲ့သော ဥရောပစူပါဖလားပွဲနှင့် လာလီဂါပွဲစဉ် ၂ပွဲတို့တွင် အနိုင်ရထားခဲ့ပြီး၊ လောလောဆယ် လာလီဂါ၌ ၂ပွဲကစား ၆မှတ်ဖြင့် အဆင့် ၃တွင် ရှိနေသောအသင်း ဖြစ်သည်။

ရီးရဲလ်နည်းပြ ဇီဒန်းက "စီရိုနယ်ဒိုပြန်ကစားနိုင်ပြီဖြစ်လို့၊ ကျနော်တို့ အရမ်းကျေနပ်မိပါတယ်။ သူဟာ ရီးရဲလ်အတွက် နောက်ဆုံး ကစားပေးခဲ့တဲ့ ပွဲအပြီး ၂လလောက်အကြာမှ အခု ဒီပွဲမှာ ပြန်ပါလာတာပါ" ဟု ပြောဆိုသွားခဲ့သည်။

စီရိုနယ်ဒိုမှာ လွန်ခဲ့သော ရာသီက လာလီဂါတွင် ၃၆ပွဲ ကစား ၃၅ဂိုး သွင်းယူပေးခဲ့သူ ဖြစ်သည်။

U Myo Thant

<< Back La-liga News


Advertisement
Here