Bundesliga News

ရှော့ကေးအကြောင်းပြောတဲ့ သူ

Sep 10 , 2016

ဘိုင်ယန်နည်းပြ အန်ဆလော့တီက ယမန်နေ့က ကစားခဲ့ရသော ရှော့ကေးနှင့် ပွဲမှာ များစွာခက်ခဲခဲ့ကြောင်း၊ ရှော့ကေး ကစားပုံ မှာ အံ့အားသင့်စရာကောင်းကြောင်း ပြောဆိုလိုက်သည်။

ဘိုင်ယန်အသင်းမှာ အဝေးကွင်းပွဲဖြစ်သည့် ထိုပွဲစဉ် ပထမပိုင်းတွင် ရှော့ကေး၏ ဖိအားပေးကစားခြင်းကို ခံခဲ့ရပြီး၊ ကံကောင်း၍ သာ ဂိုးမပေးခဲ့ရခြင်း ဖြစ်သည်။

ဒုတိယပိုင်းတွင် ဘိုင်ယန်က အနည်းငယ်အသာစီးရလာခဲ့ပြီး၊ အနိုင်ဂိုးများကို ပွဲချိန် ၈၁ မိနစ်နှင့် နာကျင်အချိန်ပိုတို့တွင်မှ သွင်းယူနိုင်ခဲ့ကာ ၀း၂ဖြင့် အနိုင်ရခဲ့သည်။

အန်ဆလော့တီက "ကျနော်တို့ မျှော်လင့်ထားတဲ့အတိုင်း ဒီခက်ခဲတဲ့ပွဲဟာ တကယ့်ပြိုင်ဘက်ကောင်းနဲ့ ခက်ခက်ခဲခဲ ကစားခဲ့ရ တာပါ။ သူတို့ဟာ ကျနော်တို့ဘက်ကို ဖိအားတွေအများကြီး ပေးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ သူတို့ဟာ ကျနော်တို့ထက် ပိုကောင်းအောင် ကစားသွားနိုင်ခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ ဒုတိယပိုင်းမှာမှ အသက်ရှုချောင်ခဲ့ပြီး ကံကောင်းလို့ ဂိုးတွေရ ခဲ့တာပါ" ဟု ပြောဆိုသွားခဲ့သည်။

 

U Myo Thant

<< Back Bundesliga News


Advertisement
Here