Serie-A News

အသင်းကို ချီးကျူးတဲ့ နည်းပြ

Sep 12 , 2016

ယခုရာသီ ပထမဆုံးနိုင်ပွဲအဖြစ် ပက်စ်ကာရာကို အဝေးကွင်းတွင် အနိုင်ရခဲ့သည့်အတွက် အသင်းကို အင်တာနည်းပြ ဒီဘိုးဝါးက ချီးကျူးလိုက်သည်။

အင်တာအသင်းမှာ စီးရီးအေ အဖွင့်ပွဲစဉ်တွင် ချီယေးဗိုးကို အဝေးကွင်း၌ ၂းဝဖြင့် ရှုံးနိမ့်ခဲ့ပြီး လွန်ခဲ့သော အိမ်ကွင်းပွဲစဉ် များတွင်လည်း ပါလာမိုနှင့် ၁ဂိုးစီ သရေကျခဲ့သည့် အသင်းဖြစ်သည်။

ယခုပွဲစဉ်တွင်လည်း ပွဲချိန် မိနစ် ၇၀ ကျော်သည့်အထိ ၁းဝဖြင့် ရှုံးနေရာမှ အိုင်ကာဒီက ၇၇ မိနစ်နှင့် နာကျင်အချိန်ပို ၁ မိနစ်တို့ တွင် ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းပေးခဲ့၍ နိုင်ပွဲရရှိခဲ့ခြင်း ဖြစ်သည်။

ဟော်လန်သား ဒီဘိုးဝါးက စိတ်ဓာတ်မကျပဲ အကောင်းဆုံး တုန်ပြန့်ကစားနိုင်ခဲ့၍ နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ကစားသမားများကို ချီးကျူးပါကြောင်း၊ ဒုတိယပိုင်းအတွင်း မိနစ် ၂၀ခန့်ကို အကောင်းဆုံး ကစားပြနိုင်ခဲ့၍လည်း နိုင် ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here