Serie-A News

ဂိုးသွင်းနိုင်ဆဲ တော့တီ

Sep 12 , 2016

ရိုးမား၏ ဂန္တ၀င်ကစားသမားကြီးဖြစ်သော တော့တီမှာ ဆမ်ဒိုးရီးယားနှင့် ပွဲစဉ်တွင် နောက်ဆုံး အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး စီးရီးအေ ၂၃ရာသီဆက်တိုက် ဂိုးသွင်းနိုင်သည့်စံချိန် တင်သွားခဲ့သည်။

စီးရီးအေပွဲစဉ် ၃အဖြစ် ကစားရသော ထိုပွဲစဉ်တွင် အိမ်ရှင်ရိုးမားမှာ ပထမပိုင်း၌ ၁း၂ဖြင့် ရှုံးနေရာမှ ဒုတိယပိုင်းတွင် ဒီဇီကိုနှင့် တော့တီတို့က ချေပဂိုးနှင့် အနိုင်ဂိုးများ သွင်းယူပေးခဲ့ကာ ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့သည်။

မိုးသည်းထန်စွာ ရွာသွန်းနေသည့်ကြားတွင် ကစားခဲ့ရသော ထိုပွဲ၌ အနိုင်ရအောင် ကစားနိုင်ခဲ့ခြင်းကြောင့် ရိုးမားမှာ လက်ရှိတွင် အဆင့် ၃၌ ရပ်တည်နေဆဲ ဖြစ်သည်။

တော့တီမှာ ဒုတိယပိုင်း နာကျင်အချိန်ပို ၃ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး ထိုဂိုးနှင့် ပတ်သက်၍ "ဒီပယ်နယ်တီကန်ရာမှကို ဘ၀မှာ ပထမဆုံးအနေနဲ့ ကြောက်ခဲ့မိပါတယ်။ ပွဲကပြီး တော့မယ် ဂိုးဝင်မှာလည်း နိုင်မှာ" ဟု တော့တီက ပြောဆိုခဲ့သည်။

တော့တီမှာ ယခုရာသီတွင် ရိုးမားအတွက် ၂၅ရာသီမြောက်အဖြစ် ကစားပေးနေသူဖြစ်ပြီး ပွဲပေါင်း ၇၅၉ ပွဲတွင် ၃၀၅ ဂိုး သွင်းယူနိုင်ခဲ့ကာ ရာသီအကုန်တွင် ကစားသမားဘ၀မှ အနားယူလိမ့်မည် ဖြစ်သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here