Bundesliga News

မန်ယူကိုကျော်တက်တဲ့ ဘိုင်ယန်

Sep 14 , 2016

ဘွန်ဒစ်လီဂါကလပ် ဘိုင်ယန်အသင်းမှာ ယမန်နေ့က အိမ်ကွင်းတွင် ချန်ပီယံလိဂ်ပွဲအဖြစ် ရော့စတော့နှင့် ကစားခဲ့ရာတွင် ၅းဝဖြင့် အနိုင်ရရှိခဲ့ပြီး၊ ယခင်က မန်ယူတင်ထားခဲ့သော ချန်ပီယံလိဂ်အိမ်ကွင်း ၁၂ပွဲ ဆက်တိုက် အနိုင်ရစံချိန်ကို ၁၃ပွဲဖြင့် ကျော်ဖြတ်၍ စံချိန်သစ် တင်လိုက်ပြီ  ဖြစ်သည်။

မန်ယူအသင်းမှာ ၂၀၀၆ မှ ၂၀၀၈ အတွင်း  ချန်ပီယံလိဂ်ပွဲများတွင် အိမ်ကွင်းပွဲ ၁၂ပွဲ အနိုင်ရသော စံချိန်တင်ထားသော အသင်းဖြစ်သည်။

သို့သော် နည်းပြ အန်ဆလော့တီ၏ ဘိုင်ယန်အသင်းက ရုရှအသင်းငယ်တစ်သင်းဖြစ်သော ရော့စတော့ကို သက်သက်သာသာ ၅းဝဖြင့် အနိုင်ရခဲ့ကာ အိမ်ကွင်း ၁၃ပွဲ ဆက်တိုက်အနိုင်ရ စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၃-၁၄ ဆီမီးဖိုင်နယ် အိမ်ကွင်းပွဲတွင် ရီးရဲလ်ကို ၄းဝဖြင့် ရှုံးခဲ့ပြီးနောက် ဘိုင်ယန်မှာ အိမ်ကွင်းရှုံးပွဲမရှိတော့ပေ။

ထို့အပြင် ၂၀၀၂က အုပ်စုအဖွင့်ပွဲတွင် ဒီပို့တီဗိုကို ရှုံးခဲ့ပြီးနောက် နောက်ထပ် ရာသီအုပ်စု အဖွင့်ပွဲများတွင် ၁၃ ကြိမ်မြောက် အနိုင်ရ သည့် စံချိန်ကိုလည်း တင်သွားခဲ့သည်။

U Myo Thant




<< Back Bundesliga News


Advertisement
Here