မန်ယူကပ္ပတိန်ဖြစ်လာသော ရွန်းနီ

Aug 14 , 2014

တိုက်စစ်မှူးရွန်းနီမှာ လာမည့်ရာသီသစ်တွင် မန်ယူကိုဦးဆောင်သွားမည့်အသင်းခေါင်းဆောင်ဖြစ်ကြောင်း မန်ယူအသင်းက တရားဝင်ကြေညာလိုက်သည်။

လွန်ခဲ့သောရာသီက အသင်းခေါင်းဆောင် ဖြစ်ခဲ့သူ နောက်ခံလူဗီဒစ်မှာ စာချုပ်သက်တမ်းစေ့သွားသဖြင့် အင်တာသို့ပြောင်းရွေှ့ သွားပြီဖြစ်သောကြောင့် အသင်းခေါင်းဆောင်သစ်ကို ရွေးချယ်ရခြင်းဖြစ်ပြီး ယင်းသို့ရွေးချယ်ရာတွင် ဆုံးဖြတ်သူမှာ နည်းပြ ဗန်ဂေါလ်ဖြစ်သည်။

ဗန်ဂေါလ်က " အသင်းခေါင်းဆောင်ရွေးချယ်ရသော အလုပ်မှာ မိမိအတွက် အရေးကြီးလှသော ဆုံးဖြတ်ရမှုဖြစ်ကြောင်း ရွန်းနီ အနေနှင့် အသင်းခေါင်းဆောင် အရည်အသွေးရှိကြောင်းကို ရာသီကြို ခြေစမ်းပွဲများတွင် ပြသနိုင်ခဲ့ကြောင်း၊ ထို့အပြင် သူသည် သူ၏ စိတ်နှင့် ခန္ဓာကိုယ်အသင်းအတွက် ပေးဆပ်နိုင်လိမ့်မည် "ဟုယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပြီး ရွန်းနီကလည်း "ဤကဲ့သို့ အရွေးခံရမှုမှာ မိမိအတွက် ကြီးမားလှသော ဂုဏ်ပြုခံရမှုဖြစ်ကြောင်း" ပြောဆိုသွားခဲ့သည်။

ဒုတိယအသင်းခေါင်းဆောင် တာဝန်ကို ကွင်းလယ်ကစားသမား ဖလက်ချာအား ပေးအပ်လိုက်ကြောင်း သိရပြီး လာမည့်စနေ တွင် ဆွမ်ဆီးနှင့် ရာသီသစ်ပွဲစဉ်စတင်မည် ဖြစ်သည်။

U Myo Thant




<< Back


Advertisement
Here