Europa League

လူမစုံသော မန်ယူ

Sep 15 , 2016

ယနေ့ည ဖီယင်နော့ဒ်နှင့် ကစားမည့် မန်ယူလူစာရင်းတွင် အသင်းခေါင်းဆောင် ရွန်းနီ၊ အမ်ခီတာရန်တို့ မပါဝင်ကြောင်း သိရသည်။

ယူရိုပါလိဂ် ပွဲဦးထွက်အဖြစ် အဝေးကွင်းတွင် သွားကစားရမည့် ကစားသမား ၂၀ဦးစာရင်းတွင် ရွန်းနီးအပါအ၀င် ကစားသမား အချို့မပါဝင်ပဲ ဖီယင်နော့ကို ရင်ဆိုင်ကြမည် ဖြစ်သည်။

ရွန်းနီးနှင့် အတူ အမ်ခီတာရန်၊ လုခ်ရှော၊ ဗလင်စီယာ၊ လင်ဂတ်၊ ဖီးလ်ဂျုန်းတို့ ပါဝင်ခြင်း မရှိပေ။

နည်းပြ မော်ရင်ဟိုက "ရွန်းနီမှာ ပရီးမီးယားပွဲတိုင်းတွင် ပါဝင်နေခဲ့ရသဖြင့် အနည်းငယ် ပြန်လည်လန်းဆန်းလာစေရန် ယခုပွဲ တွင် ချန်လှပ်ခဲ့ခြင်းဖြစ်ပြီး၊ တနင်္ဂနွေနေ့ ၀တ်ဖို့ဒ်နှင့် ပွဲ၌ ပါဝင်လာမည် ဖြစ်ကြောင်း၊ ယူရိုပါလိဂ်မှာ အသင်းကြီးများ မကစား လိုသော ပြိုင်ပွဲဖြစ်ကြောင်း၊ သို့သော် ချန်ပီယံလိဂ်တွင်မပါသော မိမိတို့အနေနှင့် လေးစားသမှုကို ပြသောအနေနှင့် ကစားသွား မည်ဖြစ်ကြောင်း" ပြောဆိုသွားခဲ့သည်။

ဖီယင်နော့အသင်းမှာ လက်ရှိ ဟော်လန်လိဂ်တွင် ၅ပွဲကစား ၁၅ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသော အသင်းဖြစ် သည်။

U Myo Thant




<< Back Europa League


Advertisement
Here