Champions League

ရှုံးပွဲကြုံသော စပါး

Sep 15 , 2016

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁) အဖြစ် အိမ်ကွင်း ၀င်ဘလေတွင် မိုနာကိုကို လက်ခံကစားခဲ့သော စပါးမှာ မိုနာကို၏ ဦးဆောင်ဂိုး သွင်းယူမှုများကြောင့် ၁း၂ဖြင့် ပွဲဦးထွက် ရှုံးပွဲကြုံခဲ့ရသည်။

မိုနာကိုအသင်းမှာ ပထမပိုင်း ၁၅ မိနစ်နှင့် ၃၁ မိနစ်တို့တွင် ဦးဆောင်ဂိုးများ သွင်းယူသွားခြင်းဖြစ်ပြီး၊ ၄၅ မိနစ်တွင် တစ်ဂိုးချေပနိုင်ခဲ့သော်လည်း နောက်ထပ်ချေပဂိုး မရခဲ့၍ ရှုံးသွားခဲ့ခြင်း ဖြစ်သည်။

ပထမပိုင်းတွင် စပါးမှာ ဂိုးပေးရသော်လည်း ကစားပုံကောင်းခဲ့ပြီး ပြိုင်ဘက်ကို ဖိအားပေးနိုင်ခဲ့သည်။ သို့သော် ဆွန်ဟန်မင်းနှင့် ကိန်းတို့မှာ ရရှိသောအခွင့်အရေးကို ပိုင်နိုင်စွာ အသုံးချနိုင်ခြင်း မရှိခဲ့ပေ။

စပါးအသင်းမှာ လာမည့် ပရီးမီးယားနှင့် လိဂ်ဖလားပွဲတို့ကို အိမ်ကွင်းတွင် ဆက်ကစားရဦးမည်ဖြစ်ပြီး၊ ယင်းနောက် မစ်ဒယ်ဘရော့နှင့် ပရီးမီးယားပွဲ၊ CSKAနှင့် ချန်ပီယံလိဂ်ပွဲများကို အဝေးကွင်းတွင် ကစား ရမည် ဖြစ်သည်။

CSKA မှ အဝေးကွင်းတွင် လေဗာကူဆင်နှင့် သရေကျထားသော အသင်းဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here