Champions League

ကံကောင်းခဲ့သော ရီးရဲလ်

Sep 15 , 2016

နာမည်ကြီး ရီးရဲအသင်းမှာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် ပေါ်တူဂိကလပ် စပို့တင်းကို အနောက်မှ လိုက်ကစားခဲ့ရပြီး ကံကောင်းစွာဖြင့် အနိုင်ရခဲ့သည်။

လာလီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေသော ရီးရဲလ်မှာ ချန်ပီယံလိဂ်ပွဲအဖြစ် အိမ်ကွင်းတွင် ကစားရသော်လည်း ၄၇မိနစ်တွင် ဂိုးပေးခဲ့ရပြီး၊ ၈၉ မိနစ်တွင် အနိုင်ဂိုးရခဲ့ခြင်း ဖြစ်သည်။

ပရိသတ် ၇သောင်းကျော် လာရောက်အားပေးခဲ့သော ထိုပွဲတွင်  ဆီဇာက ဧည်သည့်အသင်းအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပြီး ရီးရဲလ် အတွက် စီရိုနယ်ဒိုက ချေပဂိုးနှင့် မိုရာတာက အနိုင်ဂိုးများ သွင်းပေးခဲ့ခြင်း ဖြစ်သည်။

ရီးရဲလ်ပါဝင်သော အုပ်စု F တွင် ဒေါ့မွန်က အဝေးကွင်းတွင် လိုင်ဂီရာကို ၆ဂိုးပြတ်ဖြင့် အနိုင်ရခဲ့ပြီး၊ လာမည့် ၂၈ရက်နေ့တွင် ရီးရဲလ်မှာ ဒေါ့မွန်နှင့် အဝေးကွင်းပွဲ သွားရောက်ကစားရမည်  ဖြစ်သည်။

U Myo Thant




<< Back Champions League


Advertisement
Here