Europa League

မန်ယူကို ပရိသတ်များ စိတ်ပျက်

Sep 16 , 2016

မန်ချက်စတာ ဒါဘီတွင် မန်စီးတီးကို ရှုံးခဲ့ပြီး ၅ရက်အကြာ ယူရိုပါလိဂ်ပွဲ၌ ဖီယင်နော့ဒ်ကို ထပ်မံရှုံးနိမ့်ခဲ့သော မန်ယူကို ပရိသတ်များက စိတ်ပျက်စွာ ဝေဖန်ခဲ့ကြသည်။

အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဗန်ဘရွန်စရော့စ် နည်းပြအဖြစ် တာဝန်ယူနေသော ဖီယင်နော့ဒ် မှာ ဟော်လန်လိဂ်ကို ဦးဆောင်နေသောအသင်းဖြစ်ပြီး၊ ယူရိုပါလိဂ်အဖွင့်ပွဲစဉ်တွင်လည်း မန်ယူကို ၇၉ မိနစ် သွင်းဂိုးဖြင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က ယူရိုပါလိဂ်တွင် စိတ်ပျက်စရာ ကြုံခဲ့ရသကဲ့သို့ ယခုလည်း ဗွေဆော်ဦးပွဲတွင် ရှုံးခဲ့သဖြင့် မန်ယူမှာ ဗန်ဂေါလ် လက်ထက်နှင့် ကွာခြားခြင်း မရှိသေးဟု ပရိသတ်များက ဝေဖန်ခဲ့ကြသည်။

ပွဲဆက်များနေသည်ဟူသော အကြောင်းပြချက်ဖြင့် ရွန်းနီကို ဖယ်ထုတ်ထားခဲ့သော နည်းပြ မော်ရင်ဟိုမှာ ယခုပွဲတွင် မာရှယ်နှင့် ရက်ရှ်ဖို့ဒ်တို့ကို တိုက်စစ်တွင် ထားခဲ့သော်လည်း ဂိုးမရခဲ့ပေ၊ ၆၃ မိနစ်တွင် အီဘရာဟင်မိုဗစ်ကို ၀င်ကစားစေရာတွင်လည်း မထူးခြားတော့ပဲ ၇၉ မိနစ်တွင် ဂိုးပေးခဲ့ရကာ ရှုံးပွဲတွေ့သွားရခြင်း ဖြစ်သည်။

ပရိသတ်တစ်ဦးက "မော်ရင်ဟိုမှာ ဗန်ဂေါလ်ခြေရာကို ဆက်ခံသူ "ဟု တွစ်တာမှနေ၍ လှောင်ပြောင်ဝေဖန်သွားခဲ့သည်။

 

U Myo Thant

<< Back Europa League


Advertisement
Here