Europe News

တောင်းပန်ခဲ့တဲ့ ဘာတန်

Sep 16 , 2016

ဆဲလ်တစ်ကို ၅း၁ဖြင့် ရှုံးခဲ့ရသောပွဲနှင့် ပတ်သက်၍ တွစ်တာတွင် ဝေဖန်ရေးသားခဲ့သော ရိန်းဂျားစ် ကွင်းလယ်ကစားသမား ဂျိုအီဘာတန်ကို လာမည့် တနင်္လာနေ့အထိ လေ့ကျင့်ရေးကွင်းသို့ မလာရန် နည်းပြက တားမြစိပိတ်ပင်ခဲ့ပြီး ထိုဝေဖန်မှုနှင့် ပတ်သက်၍ ဘာတန်က ပြန်တောင်းပန်လိုက်သည်။

ဂလပ်စဂိုရှိ ဆဲလ်တစ်ပါ့ခ် ကွင်းတွင် ၁၀ရက်နေ့က ကစားခဲ့သော ဒါဘီပွဲ၌ ရိန်းဂျားစ်မှာ ၅း၁ဖြင့် ရှုံးခဲ့သကဲ့သို့ နောက်ခံလူ ဆန်းဒရို့စ်မှာ ၂၀ါ ၁နီဖြင့် ထွက်ခဲ့ရသည်။

ထိုရှုံးပွဲကြောင့် ရိန်းဂျားစ်မှာ ဆဲလ်တစ်နှင့် ၄မှတ်အကွာ အဆင့် ၃သို့ ရောက်ရှိသွားခဲ့သည်။

မန်စီးတီး၊ နယူးကာဆယ်တို့တွင် ကစားခဲ့ဖူးသူ ဘာတန်ကို နည်းပြ ၀ါဘာတန်က လေ့ကျင့်ရေးကွင်းသို့ မလာရန် တားမြစ်ထား သဖြင့် လာမည့် စနေနေ့ ရော့စ်ကောင်တီနှင့် ပွဲတွင် ဘာတန် ပါဝင်နိုင်မည် မဟုတ်ပေ။

U Myo Thant




<< Back Europe News


Advertisement
Here