La-liga News

နေမာအပြောင်းအရွှေ့ စစ်ဦးမည်

Sep 16 , 2016

၂၀၁၃တွင် ဆန်းတို့စ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့သော နေမာ၏ အပြောင်းအရွှေ့တွင် အခွန်ရှောင်တိမ်းရန် ပြောင်းရွှေ့ကြေး ကို လျော့ပေါ့ကြေညာခဲ့သည်ဟူသော စွပ်စွဲချက်အတွက် လာလီဂါ တာဝန် ရှိသူများနှင့် စုံစမ်းစစ်ဆေးရေးဌာနက ဘာစီလိုနာ ထံ မေးမြန်းထားကြောင်း သိရသည်။

စပိန်လာလီဂါလိဂ် တာဝန်ရှိသူများက အပြောင်းအရွှေ့ သဘောတူညီချက်များနှင့် ပတ်သက်၍ ဘာစီလိုနာ တာဝန်ရှိသူများ ကို တွေ့ဆုံရန် ကြိုးစားနေပြီး၊ လွန်ခဲ့သော ဇွန်လက အခွန်ရှောင်တိမ်းသည်ဆို ကာ ဒဏ်ငွေပေါင် ၄.၃သန်း ဆောင်ခဲ့ရသည့် ဘာစီလိုနာမှာ ထိုကိစ္စများ မဖြစ်ခဲ့ကြောင်း အမြဲငြင်းဆန်နေပြီး ဖြစ်သည်။

အသင်းဥက္ကဋ္ဌ ဘာတိုမီက အခွန်ကိစ္စများတွင် မည်သည့်အမှားမျှမရှိဟု ပြောဆိုခဲ့သည်။

ဘာစီလိုနာမှာ နေမာကို ခေါ်ယူရာတွင် ဆန်းတို့စ်သို့ ယူရို ၁၇ သန်း၊ နေမာ၏ မိဘများသို့ ယူရို သန်း ၄၀ စုစုပေါင်း ယူရို ၅၇သန်း (ပေါင် ၄၃သန်း) ပေးခဲ့ရသည်ဆိုသော်လည်း စုံစမ်းစစ်ဆေးသူများက ဘာစီလိုနာမှာ နေမာအတွက် စုစုပေါင်း ယူရို ၈၃ သန်း ပေးခဲ့ရသည်ဟု အခိုင်အမာဆိုနေဆဲ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here