Asian Cup News

အာဆီယံအဆင့်(၄) မြန်မာ

Sep 17 , 2016

ကမ္ဘာ့ဘောလုံးအဖွဲ့ချူပ် ဖီဖာမှ ထုတ်ပြန်သော စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အသင်းသည် အဆင့်ခြောက်ဆင့်အထိ မြင့်တက်ခဲ့ပြီး ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ အဆင့်များကျဆင်းခဲ့မှုကြောင့် ဖိလစ်ပိုင် အသင်းက အာဆီယံဒေသအဆင့်တွင် ထိပ်ဆုံး၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က ထုတ်ပြန်သော ဖီဖာအဖွဲ့ဝင်နိုင်ငံများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံး အသင်းသည် ပြီးခဲ့သည့်လကထက် အဆင့်ခြောက်ဆင့် မြင့်တက်ခဲ့ပြီး ကမ္ဘာ့ အဆင့်တွင် (၁၅၃)၊ အာရှအဆင့်တွင် (၂၈)နှင့် အာဆီယံဒေသအဆင့်တွင် အဆင့် (၄)၌ ရပ်တည်နိုင်ခဲ့သည်။ စက်တင်ဘာလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များတွင် အာဆီယံဒေသအတွင်း၌ ထိုင်းအသင်းသည် အဆင့်  (၁၅) ဆင့်နှင့် ဗီယက်နမ်အသင်းသည် အဆင့် သုံးဆင့် အသီးသီးကျဆင်း ခဲ့ပြီး တခြားအသင်းများမှာ အဆင့်များ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့်လက အာဆီယံဒေသအတွင်း ထိုင်းအသင်းက ဦးဆောင်ခဲ့သော်လည်း စက်တင်ဘာလတွင် အဆင့်ကျဆင်း ခဲ့ခြင်းကြောင့် အဆင့်ကိုးဆင့်အထိ မြင့်တက်ခဲ့သော ဖိလစ်ပိုင်အသင်းက အာဆီယံဒေသအဆင့်တွင် အဆင့် (၁) နေရာ၌ ရပ်တည်ခဲ့သည်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များတွင် စင်ကာပူက အဆင့်လေးဆင့်၊ မလေးရှားမှာ အဆင့်ကိုးဆင့်၊ ကမ္ဘောဒီးယားမှာ အဆင့် ခုနစ်ဆင့်၊ လာအိုမှာ  အဆင့်တစ်ဆင့်၊ အင်ဒိုနီးရှားမှာ အဆင့် ၁၀ဆင့်၊ အရှေ့တီမောမှာ အဆင့် သုံးဆင့်နှင့် ဘရူနိုင်းမှာ အဆင့် တစ်ဆင့် စသည့်ဖြင့် အသီးသီးမြင့်တက်ခဲ့သည်။

ထို့ကြောင့် အာဆီယံဒေသအဆင့်တွင် အဆင့် (၁) တွင် ဖိလစ်ပိုင်၊ အဆင့် (၂)တွင် ထိုင်း၊ အဆင့် (၃)တွင် ဗီယက်နမ်၊ အဆင့် (၄)တွင် မြန်မာ၊ အဆင့် (၅)တွင် စင်ကာပူ စသည့်ဖြင့် ထိပ်ပိုင်းတွင် ရပ်တည်ခဲ့သည်။ ကမ္ဘာ့အဆင့် သတ်မှတ်မှုတွင် အာဂျင်တီးနားက အဆင့် (၁)တွင် ဆက်လက်ရပ်တည်ခဲ့ပြီး အဆင့် (၂)တွင် ဘယ်လ်ဂျီယံ၊ အဆင့် (၃)တွင် ဂျာမနီ၊ အဆင့် (၄)တွင် ကိုလံဘီယာ၊ အဆင့် (၅)တွင် ဘရာဇီးအသင်းတို့က အသီးသီး ရပ်တည်ခဲ့သော်လည်း နာမည်ကြီးအသင်းများဖြစ်သည့် စပိန်မှာ အဆင့် (၁၁)၊ အင်္ဂလန်မှာ အဆင့် (၁၂)နှင့် အီတလီမှာ အဆင့် (၁၃)၌သာ ရပ်တည်နေခဲ့ကြောင်း သိရသည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here