La-liga News

သက်တမ်းလျှော့မည့် ဆီမြွန်းနီ

Sep 17 , 2016

အက်သလက်တီကိုနည်းပြ ဆီမြွန်းနီမှာ အသင်းနှင့် စာချုပ်သက်တမ်းကို လက်ရှိ ၂၀၂၀အထိရှိရာမှ ၂၀၁၇-၁၈ ရာသီအကုန် သို့ ပြန်လည်လျှော့ချခဲ့ကြောင်း သိရသည်။

အသက် ၄၆ နှစ်အရွယ် ဆီမြွန်းနီမှာ အသင်းကို ၂၀၁၃-၁၄ လာလီဂါချန်ပီယံဆုနှင့် ချန်ပီယံလိဂ်ဖိုင်နယ်သို့ ၂ကြိမ် တက်စေနိုင်ခဲ့မှု တို့ကြောင့် နာမည်ကျော် နည်းပြတစ်ဦး ဖြစ်လာသူ ဖြစ်သည်။

ယခုကဲ့သို့ စာချုပ်သက်တမ်းလျှော့ချမှုနှင့် ပတ်သက်၍ "ကျနော်အားလုံး အေးဆေးပါပဲ၊ ဒီအသင်းမှာ ကျနော် ပျော်နေပါတယ်၊ အသင်းကိုလည်း ကျနော့်နှလုံးသားက ခံစားမှုအတိုင်း အကောင်းဆုံး ဦး ဆောင်နေပါတယ်။ ကျနော့်အတွက် ဘာအပြောင်းအလဲမှ မရှိပါဘူး။ တကယ့်လို အသင်းက ကျနော်ကို အလိုရှိမယ်ဆိုရင် ၂၀၁၈ မတိုင်ခင် သက်တမ်းပြန်တိုးလို့ ရပါတယ်" ဟု ပြောဆို သွားခဲ့သည်။

ယူရိုပါလိဂ်နှင့် စပိန်ဘုရင့်ဖလားတို့ကိုလည်း ရခဲ့သည့် ဆီမြွန်းနီ ဦးဆောင်သော အက်သလက်တီကိုမှာ ယနေ့ လာလီဂါပွဲအဖြစ် စပို့တင်း ဂီဂျွန်းနှင့် ကစားရမည်ဖြစ်ပြီး ၃ပွဲကစား ၅မှတ် ရထားပြီ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here