La-liga News

စံချိန်မီခဲ့သော ရီးရဲလ်

Sep 19 , 2016

ရီးရဲလ်အသင်းမှာ အက်စပန်ညိုကို အဝေးကွင်းပွဲတွင် ၀း၂ဖြင့် အနိုင်ရရှိခဲ့သဖြင့် ဘာစီလိုနာ တင်ထားခဲ့သော လာလီဂါ ၁၆ ပွဲ ဆက်တိုက်အနိုင်ရသည့် စံချိန်ကို အမီလိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စီရိုနယ်ဒိုနှင့် ဘေးလ်တို့ မပါဝင်ခဲ့သော ထိုပွဲတွင် ရိုဒရီဂုဇ်က ပထမပိုင်း ပြီးခါနီးနာကျင်အချိန်ပိုတွင် ဦးဆောင်ဂိုးနှင့် ဘင်ဇီမာက ၇၁ မိနစ်တို့တွင် ဒုတိယဂိုးတို့ သွင်းယူကာ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာအသင်းမှာ ၂၀၁၀-၁၁ရာသီတွင် လာလီဂါ ၁၆ ပွဲဆက်တိုက် အနိုင်ရသည့် စံချိန်ကိုတင်ထားခဲ့ခြင်းဖြစ်ပြီး ၆ နှစ် အကြာတွင် ရီးရဲလ်က အမီလိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

စီရိုနယ်ဒိုမှာ အဖျားဝေဒနာရှိနေပြီး၊ ဘေးလ်မှာ စပို့တင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။

လောလောဆယ်တွင် ရီးရဲလ်မှာ ၄ပွဲကစား ၁၂ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး ဘာစီလိုနာ၊ လာပါးမက်စ်တို့က ၉ မှတ်စီ၊ အက်သလက်တီကို၊ ဆီဗီးလားနှင့် ဗီလာရီးရဲလ်တို့က ၈ မှတ်စီဖြင့် အမှတ်ပေးဇယားအပေါ်ပိုင်းတွင် ရပ်တည်လျက် ရှိနေကြသည်။

U Myo Thant




<< Back La-liga News


Advertisement
Here