Capital One Cup News

ကန်တီကိုကြိုဆိုမည့် လက်စတာ

Sep 20 , 2016

လက်စတာနည်းပြရေနီယာရီက ယနေ့ည ကစားရမည့် EFL ဖလား တတိယဆင့်ပွဲတွင် ချဲလ်ဆီးဘက်မှပါလာမည့် အသင်း သားဟောင်း ကန်တီကို ပရိသတ်များက ကြိုဆိုကြလိမ့်မည်ဟု ပြောဆိုလိုက်သည်။

ကန်တီမှာ လွန်ခဲ့သော နွေတွင် ချဲလ်ဆီးသို့ ပြောင်းရွှေ့သွားသူဖြစ်ပြီး ကန်တီနှင့် ပတ်သက်၍ ရေနီယာရီက "သူ့ကို ကျနော် တို့ နွေးထွေးစွာ ကြိုဆိုမှာပါ။ ပရိသတ်တွေလည်း ဒီအတိုင်းဖြစ်မှာပါ။ သူဟာ ကျနော်ကို မနှစ်က ချန်ပီယံဖြစ်ရေးမှာ အဓိကနေရာ က ကစားပေးသွားသူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ကစားသမားတွေအပေါ်မှာ နားလည်ပေးဖို့ လိုပါတယ်။ ဒီရာသီ အတွက်တော့ ဗာဒီ၊ ရီယတ်တို့ဟာ ကျနော်အတွက် အမာခံ ကစားသမားတွေပါ။ ကျနော်တို့အနေနဲ့ ကိုယ့်သွားလိုတဲ့ ခရီးအတွက် ရှိတဲ့အင်အားနဲ့ ကြိုးစားရုန်းကန်သွားရမှာပါ " ဟု ပြောဆိုသွားခဲ့သည်။

ကန်တီမှာ ချဲလ်ဆီးသို့ ပြောင်းရွှေ့သွားသော်လည်း ဗာဒီနှင့် ရီယတ်တို့မှာ အသင်းပြောင်းရန် သတင်းကြီးခဲ့ပြီးမှ လက်စတာတွင် ဆက်နေရန် သဘောတူခဲ့ကြသူများ ဖြစ်သည်။

U Myo Thant




<< Back Capital One Cup News


Advertisement
Here