Asian Cup News

ဆူဇူကီးပွဲအကြောင်းပြောသောဦးသန်းတိုးအောင်

Sep 21 , 2016

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့် ချန်ပီယံဖြစ်ရန် အတိအကျမပြောနိုင်သော်လည်း ဗိုလ်လုပွဲထိ တက်ရောက် နိုင်မည်ဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က ပြောသည်။

"ကျွန်တော်တို့ကတော့ အောင်မြင်မှုရဖို့ ကြိုးစားနေပါတယ်။ ဆီးဂိမ်းနဲ့ အခုပွဲက မတူဘူး။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ လက်ရွေးစင်ပြိုင်ပွဲက သက်တမ်းအလိုက်အသင်းတွေထက် ခက်ခဲတယ်။ သက်တမ်းအလိုက် အသင်းတွေ ဘယ်လောက် ပဲနိုင်နိုင် ဘောလုံးအဆင့်အတန်းကို လက်ရွေးစင်အဆင့်အတန်းကို လက်ရွေးစင်အသင်း ရလဒ်နဲ့ ဆုံးဖြတ်တာပါ။ ပြီးခဲ့တဲ့ အိမ်ရှင်ဆီးဂိမ်းနဲ့ လေးပွင့်ဆိုင်ဖိတ်ခေါ်ပွဲတွေမှာ အိမ်ရှင်ဖြစ်ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။ ဒါကြောင့် အခု အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆူဇူကီးဖလားပြိုင်ပွဲမှာ အောင်မြင်မှုရအောင် ကြိုးစားမယ်။ ဖလားရမယ်လိုတော့ အတိအကျမပြော နိုင်ဘူး။ ဗိုလ်လုပွဲကို သေချာပေါက်တက်နိုင်မယ်။ ဗိုလ်လုပွဲမှာ ဘယ်လိုဖြစ်လာမလဲဆိုတာက ကစားသမားတွေရဲ့ ကြိုးစားမှုနဲ့ ကံတရား အပေါ်မှာ မူတည်နေတယ်။ အောင်မြင်မှုရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဥရောပမှာသွားပြီး လေ့ကျင့်နေတာဖြစ်ပါတယ်" ဟု ဦးသန်းတိုးအောင်က ပြောသည်။

ဦးသန်းတိုးအောင်သည် လက်ရှိတွင် ဆူဇူကီးဖလားပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်အသင်းအုပ်ချုပ်သူအဖြစ် တာဝန်ယူထား ပြီး၊ ပြီးခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းအုပ်ချုပ်သူအဖြစ် တာဝန်ယူခဲ့ကာ အသင်းနှင့် အတူ ငွေ တံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here