Capital One Cup News

အဓိကသုံးယောက်မပါသော မန်ယူ

Sep 21 , 2016

ယနေ့ည လိဂ်ဝမ်းကလပ် နော့သင်တန်နှင့် ကစားရမည့် EFL ဖလားပွဲတွင် မန်ယူဘက်မှ အဓိက ကစားသမားသုံးဦးဖြစ်သော ဂိုးသမား ဒီဂီရာ၊ ပိုဂဘာနှင့် ဘိုင်လေတို့ ပါဝင်မည်မဟုတ်ကြောင်း သိရသည်။

၃ပွဲဆက်တိုက် ရှုံးခဲ့ခြင်းကြောင့် ဖိအားများစွာနှင့် ကြုံတွေ့နေရသော မန်ယူမှာ ယနေ့ည ပွဲတွင် ဂိုးသမား ရိုမီယို၊ မန်ဆာ၊ မန်ဖစ်၊ ယန်းတို့ဖြင့် ပွဲထွက်လာမည်ဖြစ်ပြီး ကွင်းလယ်တွင် ကားရစ်လည်း ပါလာ နိုင်သည်ဟု ဆိုသည်။

နော့သင်တန်အသင်းမှာ လိဂ်ဝမ်းတွင် ၈ပွဲကစား ရမှတ် ၁၁ မှတ်ဖြင့် အဆင့် ၁၁တွင် ရှိနေသော အသင်းဖြစ်ပြီး၊ မန်ယူက ၅ပွဲ ကစား ၉မှတ်ဖြင့် အဆင့် ၇တွင် ရှိနေသော အသင်းဖြစ်သည်။

ယမန်နေ့က ကစားခဲ့သော ပွဲများတွင် အာဆင်နယ်၊ လိဒ်စ်၊ ပရက်စတန်၊ နောဝစ်၊ လီဗာပူး၊ ရီးဒင်း၊ နယူးကာဆယ်၊ ချဲလ်ဆီးတို့ အနိုင်ရကာ စတုတ္တဆင့်သို့ တက်ရောက်သွားကြပြီ ဖြစ်သည်။

U Myo Thant




<< Back Capital One Cup News


Advertisement
Here