La-liga News

စံချိန်ချိုးမည့် ဇီဒန်း

Sep 21 , 2016

ရီးရဲလ်နည်းပြ ဇီဒန်းမှာ ယနေ့ည ဗီလာရီးရဲလ်နှင့် ပွဲတွင် အနိုင်ရခဲ့ပါက  လာလီဂါ ၁၇ပွဲ ဆက်တိုက်အနိုင်ရသော စံချိန်သစ်ကို တင်နိုင်မည် ဖြစ်သည်။

အဓိကပြိုင်ဘက်နှစ်သင်းဖြစ်သော အက်သလက်တီကိုနှင့် ဘာစီလိုနာတို့ကို ရှုံးခဲ့ပြီးနောက် ရီးရဲလ်အသင်း တာဝန်ရှိသူများက ဘင်နီတက်ကို ရာထူးမှ ထုတ်ပယ်ကာ ဇီဒန်းကို နည်းပြအဖြစ် တာဝန်ပေးအပ် ခဲ့သည်။

ယင်းနောက် နည်းပြဇီဒန်းမှာ ၂၀၁၅-၁၆ ဘောလုံးရာသီ လက်ကျန် ၁၂ပွဲလုံးကို အနိုင်ရအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီး၊ ချန်ပီယံ ဘာစီလိုနာနှင့် ၁မှတ်အကွာ ဒုတိယနေရာနှင့် ရာသီသိမ်းနိုင်ခဲ့သည်။

ယခုရာသီတွင်လည်း ၄ပွဲကစားပြီးရာတွင် ၄ပွဲလုံး နိုင်ခဲ့သဖြင့် ၂၀၁၀-၁၁ရာသီက  နည်းပြ ဂွာဒီယိုလာ တင်ထားခဲ့သော ဘာစီလိုနာ၏ ၁၆ပွဲဆက်တိုက် အနိုင်ရသော စံချိန်ကို အမီလိုက်နိုင်ခဲ့သည်။

ထို့ကြောင့် ယနေ့ည ဗီလာရီးရဲလ်နှင့် အိမ်ကွင်းပွဲတွင် အနိုင်ရပါက လာလီဂါတွင် ၁၇ပွဲ ဆက်တိုက်အနိုင်ရသော ပထမဆုံး အသင်း အဖြစ် စံချိန်သစ် တင်နိုင်မည် ဖြစ်သည်။

U Myo Thant

<< Back La-liga News


Advertisement
Here