Asian Cup News

မြန်မာနှင့် ဘယ်လ်ဂျီယံကလပ် သရေကျ

Sep 22 , 2016

ဂျာမနီနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခြေစမ်းခရီးစဉ် ဒုတိယခြေစမ်းပွဲအဖြစ် ဘယ်လ်ဂျီယံ တတိယတန်းကလပ် ဘာချမ်အသင်းနှင့် စက်တင်ဘာ ၂၀ရက် မြန်မာစံ တော်ချိန် ည ၁၂ နာရီက ခြေစမ်းကစားခဲ့ရာ တစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဘာချမ်အသင်းကို အပြန်အလှန်ကစားနိုင်ခဲ့သော်လည်း ဂိုးစတင်ပေးခဲ့ ရသောကြောင့် နောက်မှလိုက်ကစားခဲ့ရပြီး သရေကျခဲ့ခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခြေစမ်းခရီး စဉ်တွင် နှစ်ပွဲသရေကျခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး နယ်သာလန်ကလပ်နှင့် ကစားခဲ့သည့် ပထမပွဲတွင် မပါဝင်ခဲ့သည့် ကစားသမားအချို့ကို အသုံးပြုခဲ့သည်။

ဘာချမ်အသင်းက ၁၀ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့သောကြောင့် မြန်မာအသင်း အနောက်မှလိုက်ကစားရသော်လည်း ၂၅ မိနစ်တွင် ၀င်းနိုင်စိုးက ချေပဂိုး ပြန်သွင်းခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်း ဂိုးရနိုင်သည့် အခွင့်အရေးများ ရခဲ့သော်လည်း ဂိုးကံခေခြင်း၊ အဆုံးသတ်အား နည်းခြင်းတို့ကြောင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တတိယခြေစမ်းပွဲအဖြစ် စက်တင်ဘာ ၂၂ရက်(ယနေ့) မြန်မာစံတော်ချိန် ည ၈နာရီခွဲတွင် နယ်သာလန်ကလပ် ရိုဒါဂျေစီ ယူ-၂၃ အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ် ကြောင်း သိရသည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here