La-liga News

တစ်မှတ်စီသာရတဲ့ ရီးရဲလ်နှင့် ဘာကာ

Sep 22 , 2016

ယမန်နေ့ ကစားခဲ့သော လာလီဂါပွဲစဉ် ၅တွင် အဓိကအသင်းကြီး နှစ်သင်းဖြစ်သော ရီးရဲလ်နှင့် ဘာစီလိုနာတို့မှာ အိမ်ကွင်းများ တွင် သရေတစ်မှတ်စီဖြင့်သာ ကျေနပ်ခဲ့ကြရသည်။

ယခုပွဲ အနိုင်ရပါက လာလီဂါသမိုင်းတစ်လျှောက် ၁၇ ပွဲဆက်တိုက် အနိုင်ရသော အသင်းအဖြစ် စံချိန်တင်နိုင်မည့် ရီးရဲလ်မှာ ပထမပိုင်း နာကျင်အချိန်ပိုတွင် ပယ်နယ်တီပေးခဲ့ရကာ ၄၈ မိနစ်တွင် ပြန်ချေပ နိုင်ခဲ့သော်လည်း နောက်ထပ် ဂိုးမရတော့သဖြင့် စံချိန်သစ်တင်ခွင့်နှင့် လွဲချော်သွားခဲ့ရသည်။

ဘာစီလိုနာမှာလည်း အိမ်ကွင်းတွင် အက်သလက်တီကိုကို ဧည့်ခံကစားရာ၌ ပထမပိုင်းတွင် ဦးဆောင်ဂိုး ရခဲ့သော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးပြန်ပေးခဲ့ရကာ သရေနှင့်ပင် ကျေနပ်ခဲ့ရသည်။

ထို့အပြင် ယင်းပွဲတွင် အသင်းမှအားထားရသော မက်ဆီ ပေါင်ခြံဒဏ်ရာရသွားခဲ့ကာ ၃ပတ်ခန့်နားရမည်ဖြစ်သဖြင့် ဘာစီလိုနာ အတွက် သတင်းဆိုးတစ်ခု ဖြစ်ခဲ့သည်။

လောလောဆယ် ၅ပွဲစီ ကစားပြီးရာတွင် ရီးရဲလ်က ၁၃ မှတ်၊ ဆီဗီးလားက ၁၁မှတ်၊ ဘာစီလိုနာက ၁၀မှတ်နှင့် အက်သလက်တီကိုက ၉မှတ်တို့ဖြင့် ထိပ်ပိုင်းမှ ဦးဆောင်နေဆဲ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here