Ligue-1 News

အသင်းအကြောင်းပြောတဲ့ မူတာဒီ

Sep 24 , 2016

PSG ကွင်းလယ်ကစားသမား မူတာဒီက ယခုရာသီတွင် မိမိတို့အနေနှင့် ခက်ခဲသော စိန်ခေါ်မှုမျိုးကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း တူးလောက်စ်ကို ၂းဝဖြင့် ရှုံးခဲ့သော ပွဲအပြီးတွင် ပြောဆိုလိုက်သည်။

အမှတ်ပေး ချန်ပီယံ ၄ကြိမ်ဆက် ရထားသော PSG မှာ ယမန်နေ့ကပွဲတွင် တူးလောက်စ်ကို အဝေးကွင်း၌ ၂းဝဖြင့် ရှုံးနိမ့်ခဲ့ ကာ အော်ရီရာမှာလည်း ၄၆ မိနစ်တွင် ၂၀ါ ၁နီဖြင့် ထွက်ခဲ့ရသည်။

မူတာဒီက "တူးလောက်စ် ကစားသွားတာ ကောင်းပါတယ်။ သူတို့တွေဟာ ကျနော်တို့ကို ဘယ်လိုနိုင်နိုင်မလဲလို့ ကြိုးစားရင်း ကစား သွားတာပါ။ ကျနော်တို့အနေနဲ့ ပထမပိုင်းမှာ ကစားခဲ့တာ ကောင်းပေမယ့်၊ ဒုတိယပိုင်းအစမှာ တစ်ယောက်အထုတ်ခံရပြီး ပယ်နယ်တီလည်း ပေးလိုက်ရတာမို့ အတော်ခက်သွားခဲ့ပါတယ်။ နောက်ထပ်ပွဲတွေအများကြီး ကျန်သေးတာမို့ ကျနော်တို့ ကြိုးစား သွားဦးမှာပါ" ဟု ပြောဆိုသွားခဲ့သည်။

တူးလောက်စ်မှာ PSG ကို နိုင်ခဲ့သဖြင့် ဇယားထိပ်မှ နိုက်စ် (တစ်ပွဲလျော့) နှင့် အမှတ်တူ ၁၄ မှတ် ရခဲ့ပြီး PSG က ၁၃ မှတ်ဖြင့် တတိယနေရာတွင် ရှိနေသည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here