ဂျာမနီနိုင်ငံ၌ သွားရောက်လေ့ကျင့်မှုများ ပြုလုပ်နေသော မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခြေစမ်းပွဲ စတုတ္ထမြောက်ပွဲစဉ် အဖြစ် နယ်သာလန်ကလပ် VVV-Velno အသင်းနှင့် စက်တင်ဘာ ၂၆ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြင်ဆင်မှုအဖြစ် ဂျာမနီနိုင်ငံသို့ သွားရောက်၍ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားလျက် ရှိသည်။ ယင်းခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင်အသင်းမှ ဒဏ်ရာရရှိနေ သော အောင်ဇော်နှင့် ဇော်လင်းတို့ ပါဝင်နိုင်ဖွယ် မရှိကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ဥရောပခြေစမ်းပွဲတွင် သုံးပွဲ ကစားထားပြီး နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားကာ နိုင်ပွဲမ ရရှိသေးပေ။ မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၂၈ တွင် ဘယ်လ်ဂျီယံ ကလပ် Patro Eisden အသင်း၊ အောက်တိုဘာ ၅ ရက်တွင် ဆိုက်ပရပ်စ်ကလပ် Enosis Neon Paralimni အသင်းတို့နှင့် ထပ်မံခြေစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
U Myo Thant