Serie-A News

ဂိုး ၂၅၀ ပြည့် တော့တီ

Sep 26 , 2016

ရိုးမား ဂန္တ၀င်ကစားသမားကြီး တော့တီမှာ ယမန်နေ့ တိုရီနိုနှင့် ပွဲတွင် လူစားဝင် ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီးနောက် ဂိုး သွင်းနိုင်ခဲ့သဖြင့် သူသည် စီးရီးအေတွင် ဂိုး ၂၅၀ အထိ သွင်းနိုင်သည့် ဒုတိယမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့ပြီ ဖြစ်သည်။

မန်စီးတီး ဂိုးသမား ဂျိုးဟတ်မှာ တိုရီနိုသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ယခုပွဲမှာ သူအတွက် ပထမဦးဆုံး စီးရီးအေ နိုင်ပွဲ ဖြစ်ခဲ့သည်။

အိမ်ရှင် တိုရီနိုမှာ ၈ မိနစ် သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီး ၅၂ မိနစ်တွင် ပယ်နယ်တီမှ တစ်ဆင့် နောက်တစ်ဂိုး ရခဲ့သည်။ ၄၈ မိနစ် တွင် လူစားဝင်လာခဲ့သော တော့တီမှာ ၅၅ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် တစ်ဂိုး ချေပနိုင်ခဲ့သော်လည်း ၆၅ မိနစ်တွင် တိုရီနို က နောက်တစ်ဂိုး သွင်းယူသွားခဲ့သည်။

မနက်ဖြန်တွင် အသက် ၄၀ပြည့်တော့မည့် တော့တီမှာ ရိုးမားတစ်သင်းတည်းတွင်သာ ကစားလာသူဖြစ်ပြီး ပထမဆုံး ပါဝင်ခွင့် ရခဲ့သည့်မှာ အသက် ၁၆ နှစ်အရွယ် ၁၉၉၃ မတ်လတွင် ဘရက်ရှားနှင့် ကစား ရသည့် စီးရီးအေပွဲ ဖြစ်သည်။

ယခင်က စီးရီးအေတွင် ဂိုးအများဆုံး သွင်းထားသူမှာ ပီအိုလာဖြစ်ပြီး ကစားသမားဘ၀ အနားယူသည့် ၁၉၅၄ မတိုင်မီ စုစုပေါင်း ၂၇၄ ဂိုး သွင်းယူသွားနိုင်ခဲ့သည်။

U Myo Thant

<< Back Serie-A News


Advertisement
Here