Champions League

အမှားကိုလက်ခံတဲ့ နာဗက်စ်

Sep 28 , 2016

သူ၏ အမှားမှတစ်ဆင့် ချေပဂိုးပေးလိုက်ရခြင်းနှင့် ပတ်သက်၍ ဝေဖန်လာပါက လက်ခံမည်ဆိုသည့်အကြောင်း ရီးရဲလ် ဂိုး သမား နာဗက်စ်က ပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်ပွဲစဉ် ၂အဖြစ် ဒေါ့မွန်နှင့် အဝေးကွင်းပွဲ ကစားရာတွင် စီရိုနယ်ဒိုက ၁၇ မိနစ်တွင် ရီးရဲလ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး၊ အော်ဘာမေရန်က ၄၃ မိနစ်တွင် ဒေါ့မွန်အတွက် ချေပဂိုး သွင်းခဲ့သည်။

ဒုတိယပိုင်း ၆၈ မိနစ်တွင် ဗာရာနီက ရီးရဲလ်အတွက် ဦးဆောင်ဂိုးပြန်သွင်းခဲ့သော်လည်း ၈၇ မိနစ်တွင် နာဗက်စ်၏ အမှားမှ တစ်ဆင့် ဒေါ့မွန်က ချေပဂိုး ပြန်ရသွားခဲ့ခြင်း ဖြစ်သည်။

"ကျနော်အတွက် အမှားဆိုတာ သိပါတယ်။ ဆုံးဖြတ်ချက် အမှားလေးကနေ ဂိုးပေးလိုက်ရတာပါ။ ဒါပေမယ့် ကျနော် စိတ်ဓာတ် ကျမသွားပါဘူး။ ပိုပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်။ ကစားခွင့် ပေး၊ မပေးကတော့ နည်းပြရဲ့ သဘောပါ။ ကျနော် ကစားရ တာကို ပျော်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကစားသမားတိုင်းဟာ ကစားချင်ကြလို့ပါပဲ။ ဒီပွဲမှာ နိုင်သင့်ပေမယ့် သရေကျ သွားခဲ့တယ်။ ဒါပေမယ့် ဒါဟာလည်း သိပ်ဆိုးတဲ့ ရလဒ်တော့ မဟုတ်ခဲ့ပါဘူး" ဟု နာဗက်စ်က ပြောဆိုသွားခဲ့သည်။

ဒဏ်ရာကြောင့် နားနေရသည့် နာဗက်စ်အတွက် ယခုပွဲမှာ ယခုရာသီအတွင်း ပထမဆုံး ပြန်ကစားရသော ပွဲဖြစ်သည်။

U Myo Thant

<< Back Champions League


Advertisement
Here