La-liga News

ကွင်းပိတ်ကစားရမည့် လီဂီရာ

Sep 30 , 2016

ပိုလန်ကလပ် လီဂီရာဝါဆောအသင်းမှာ ဒေါ့မွန်နှင့် ပွဲတွင် ပရိသတ်များ သောင်းကျန်းခဲ့မှုကြောင့် ရီးရဲလ်နှင့် ကစားရမည့် အိမ်ကွင်းပွဲစဉ်တွင် ပရိသတ်များမပါပဲ ကွင်းပိတ်ကစားရန် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

ဒေါ့မွန်ကို ၆-၀ဖြင့် ရှုံးခဲ့သော ပွဲတွင် လီဂီရာပရိသတ်များမှာ မီးရှုးများ ပစ်လွှတ်ခြင်း၊ ဒေါ့မွန်ပရိသတ်များ ရှိရာဘက်သို့ အတင်းဝင်ရောက်ခြင်း၊ စပရေးဘူးများဖြင့် ဆေးမှုတ်ဖျက်ဆီးခြင်း စသည့် အပြုအမှု များ ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ဥရောပဘောလုံးအဖွဲ့ချုပ်က ကွင်းပိတ်ကစားရန် ပြစ်ဒဏ်နှင့် ဒဏ်ငွေပေါင် ၆၉၀၀၀ ပေးဆောင်ရန် အမိန့်ချခဲ့သည်။

ရီးရဲလ်နှင့် ကစားရမည့် အိမ်ကွင်းပွဲစဉ်မှာ နိုဝင်ဘာ ၂ရက်နေ့တွင်ဖြစ်ပြီး၊ နှစ်ပေါင်း ၂၀ အတွင်း ချန်ပီယံလိဂ်အုပ်စုအဆင့်သို့ ပထမဆုံး ကစားခွင့်ရခဲ့သည့် ပိုလန်ကလပ်အဖြစ် မှတ်တမ်းဝင်ခဲ့သော လီဂီရာမှာ စပို့တင်းနှင့် ဒေါ့မွန်တို့ကို ရှုံးနိမ့်ခဲ့ ပြီးဖြစ်သဖြင့် နောက်တစ်ဆင့်တက်ရေး မမျှော်မှန်းနိုင်တော့သည့် အနေအထားတွင် ရောက်ရှိနေပြီ ဖြစ်သည်။

U Myo Thant




<< Back La-liga News


Advertisement
Here