Ligue-1 News

အနီကတ်ရသော ဘာလိုတယ်လီ

Oct 03 , 2016

ပြင်သစ်ကလပ် နိုက်စ်မှ တိုက်စစ်မှုး ဘာလိုတယ်လီမှာ အသင်းအတွက် ဂိုးသွင်းပေးနိုင်ခဲ့သော်လည်း အနီကတ် အပြခံခဲ့ရသဖြင့် လာမည့် ပွဲစဉ်ကို လွဲချော်မည် ဖြစ်သည်။

အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးမှ နိုက်စ်သို့ ရောက်ရှိလာသော အီတလီသား ဘာလိုတယ်လီမှာ အသင်းတွင် ကစား ပုံကောင်းနေသောကြောင့် အသင်း၏အားထားရသော ကစားသမားတစ်ဦးဖြစ်လာကာ လောလောဆယ် ၅ဂိုး သွင်းယူထားနိုင် ပြီ ဖြစ်သည်။

ယခုပွဲတွင် ဘာလိုတယ်လီမှာ ဂိုးသွင်းခဲ့ပြီးနောက် ဂျာစီကို ချွတ်၍ အောင်ပွဲခံခဲ့သဖြင့် အ၀ါကတ်အပြခံခဲ့ရပြီး၊ ပွဲပြီးရန် မိနစ်ပိုင်း အလိုတွင် ပြိုင်ဘက် နောက်တန်း ကစားသမားတစ်ဦးအပေါ် အ၀င်ကြမ်းခဲ့ သောကြောင့် နောက်ထပ်တစ်ခါ အ၀ါကတ်အပြခံခဲ့ရ ကာ ၂၀ါ ၁နီဖြင့် ထွက်ခဲ့ရခြင်း ဖြစ်သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here