Ligue-1 News

ကလော့ကိုမသိတဲ့ ဘာလိုတယ်လီ

Oct 04 , 2016

နိုက်စ် တိုက်စစ်မှုး ဘာလိုတယ်လီက သူ့အနေနှင့် လီဗာပူးနည်းပြ ဘလော့ကို သိကျွမ်းခဲ့ခြင်း မရှိကြောင်း ပြောဆိုလိုက်သည်။

အီတလီသား တိုက်စစ်မှုး ဘာလိုတယ်လီမှာ ၂၀၁၅ တွင် ထိုစဉ်က လီဗာပူး နည်းပြ ရော်ဂျစ်က မီလန်ထံမှ ခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး ခြေစွမ်းမပြနိုင်သဖြင့် မီလန်သို့ ပြန်အငှားချခံခဲ့ရကာ ယခုရာသီတွင် နိုက်စ်သို့ ပြောင်းရွှေ့ခဲ့ သူ ဖြစ်သည်။

လီဗာပူးနည်းပြကလော့မှာ ဘာလိုတယ်လီကို အခြားအသင်းသို့ သွားကစားရန် ပြောဆိုခဲ့သူဖြစ်ပြီး၊ အပြောင်းအရွှေ့ပိတ်ခါနီး တွင် ပြင်သစ်ကလပ် နိုက်စ်သို့ အလွတ်ပြောင်းရွှေ့ခွင့်ဖြင့် ရောက်ရှိခဲ့ကာ ယခုအခါ ၅ပွဲကစား ၆ဂိုး သွင်းယူထားနိုင်ပြီ ဖြစ်သည်။

ဘာလိုတယ်လီက သူ့အနေနှင့် လီဗာပူးတွင် ကြိုးစားချင်သော်လည်း အခွင့်အရေးမရခဲ့ကြောင်း နည်းပြနှင့် စကားပြောချိန်လည်း မရခဲ့ကြောင်း၊ မိမိကို အသင်းပြောင်းရန်သာ ပြောခဲ့သကဲ့သို့ မိမိကလည်း ကျေးဇူးပါဟု တစ်ခွန်းသာ ပြန်ပြောခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here