AFC Cup News

အကောင်းဆုံးပြင်ဆင်မည့် မကွေး

Oct 05 , 2016

၂၀၁၇ ဘောလုံးရာသီတွင် AFC Cup ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရှိထားသော မကွေးအသင်းသည် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အသင်းပိုင်ရှင်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရာမှ လက်ရှိတွင် ယှဉ်ပြိုင်ခွင့်ရရှိပြီ ဖြစ်ကြောင်း အသင်းမန်နေဂျာ ဦးစိုးမင်း က ပြောသည်။

၂၀၁၆ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့သော မကွေးအသင်းအနေဖြင့် ၂၀၁၇ ဘောလုံးရာသီတွင် AFC Cup ပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားပြီး ဘတ်ဂျက်အနေအထားအရ ယခင်က ၀င်ရောက်ယှဉ်ပြိုင်မည့် မဟုတ်ကြောင်း သတင်း များ ထွက်ပေါ်ခဲ့သည်။

မကွေးအသင်းသည် AFC Cup ပြိုင်ပွဲ၊ မြန်မာနေရှင်နယ်လိဂ်နှင့် ရှုံး/ထွက် ဖလားစသည့် ပြည်တွင်းပြည်ပပြိုင်ပွဲများကို ယှဉ်ပြိုင်ရန်ရှိနေသောကြောင့် အသင်းဘတ်ဂျက်အနေအထားကိုလည်း ယခင်နှစ်များထက် အသုံးပြုကာ အသင်းကို အကောင်း ဆုံး ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်အနေနဲ့တော့ အသင်းပိုင်ရှင်ဆီကို ပြည်တွင်းပြည်ပ ပြိုင်ပွဲနှစ်ခုစလုံး ၀င်ရောက်ယှဉ်ပြိုင်ဖို့ တင်ပြထားတယ်။ ကစားသမားခေါ်ယူမှုမှာလည်း ပြီးခဲ့တဲ့ နှစ်တွေထက် ပိုပြီးသုံးရမယ်။ နိုင်ငံတကာ ပြိုင်ပွဲဖြစ်လို့ အသင်းရဲ့ ဂုဏ်သိက္ခာလည်း ရှိသေးတယ်။ အကောင်းဆုံးပြင်ဆင်မှာပါ။ ပြည်ပကစားသမားအနေနဲ့ လေးယောက်အပြည့်ခေါ်မယ်။ ကစားသမားခေါ်ဖို့ အတွက် အသင်းနည်းပြနှစ်ဦးက လက်ရွေးစင်အသင်းနဲ့အတူ ပြည်ပရောက်နေလို့ သူတို့ ပြန်ရောက်မှာ ကစားသမားခေါ်ယူရေး လုပ်ဆောင်သွားမယ်"  ဟု ပြောသည်။

U Myo Thant




<< Back AFC Cup News


Advertisement
Here