Ligue-1 News

လောင်းကစားမှုနှင့် ဘာတန်

Oct 06 , 2016

ရိန်းဂျားကွင်းလယ်ကစားသမား ဂျိုအီဘာတန်ကို ဘောလုံးပွဲလောင်းကစားမှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

ရိန်းဂျားအသင်းမှ ၃ပတ် အပယ်ခံထားရသော ဘာတန်မှာ ဇူလိုင် ၁ရက်မှ စက်တင်ဘာ ၁၅ရက်အတွင်း ဘောလုံးလောင်းကစားမှု ၄၄ခါ ပြုလုပ်ခဲ့ကြောင်း စကော့တလန်ဘောလုံး အဖွဲ့ချုပ်က စွပ်စွဲထားခဲ့ သည်။

ဘာတန်မှာ အောက်တိုဘာ ၁၂ရက်နေ့ မတိုင်မီ လျှောက်လဲချက်တင်နိုင်ပြီး ကြားနာမှုကို အောက်တိုဘာ ၁၇ရက်တွင် ပြု လုပ်မည် ဖြစ်သည်။

စကော့တလန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် စကော့တလန်မှ နည်းပြ၊ အသင်းတာဝန်ရှိသူ၊ ကစား သမားများနှင့် ဒိုင်များပါ စုစုပေါင်း ၃၃ဦးမှာ လောင်းကစားမှုများတွင် ပါဝင်ခဲ့ကြောင်း ပြောဆိုထားကာ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်နေသည်ဟု သိရသည်။

U Myo Thant




<< Back Ligue-1 News


Advertisement
Here