La-liga News

ဂိုး ၃၀၀ပြည့် နေမာ

Oct 07 , 2016

ဘိုလီးဗီးယားကို ၅းဝဖြင့် နိုင်ခဲ့သော ပွဲစဉ်တွင် ဗွေဆော်ဦးဂိုးကို သွင်းယူပေးခဲ့သော နေမာမှာ သူ၏ ကစားသမားဘ၀တွင် သွင်း ယူနိုင်ခဲ့သော ဂိုးပေါင်း ၃၀၀ ပြည့်သွားပြီ ဖြစ်သည်။

ပွဲအစ ၁၁ မိနစ်တွင် ဂျီးဆပ်၏ ပေးပို့မှုမှ တစ်ဆင့် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ယခု ဂိုးမှာ ၂၄ နှစ်သား နေမာ၏ ဘရာဇီးအသင်းကြီးအတွက် ၄၉ ဂိုးမြောက် သွင်းယူပေးနိုင်ခဲ့ခြင်းလည်းဖြစ်ပြီး၊ ဘရာဇီး ယူ-၁၇၊ ယူ-၂၀ နှင့် ယူ-၂၃ အဆင့်တို့တွင် ၁၈ ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။

ဘရာဇီးအသင်းကြီးအတွက် ဂိုးအများဆုံး သွင်းပေးထားနိုင်သူများမှာ ပီလီ(၉၅ ဂိုး)၊ ရော်နယ်ဒို(၆၇ ဂိုး)၊ ဇီကို(၆၆ ဂိုး)၊ ရိုမာရီယို(၅၆ ဂိုး) တို့ ဖြစ်ကြသည်။

U Myo Thant




<< Back La-liga News


Advertisement
Here