Europe News

သရေကျခဲ့သော အီတလီနှင့် စပိန်

Oct 07 , 2016

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အီတလီနှင့် စပိန်တို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် ၁ဂိုးစီ သရေဖြင့် ပြီးဆုံးသွားခဲ့သည်။

စပိန်အသင်းမှာ ပထမပိုင်းတွင် ဘောလုံးပိုင်ဆိုင်မှု ၇၂.၄% အထိ ရှိခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပဲ၊ ၅၅မိနစ်တွင် ဗီတိုလိုက ဦးဆောင်ဂိုးသွင်းခဲ့သော်လည်း ၈၂ မိနစ်တွင် အီတလီမှ ရော့စီက  ပယ်နယ်တီမှတစ်ဆင့် ချေပဂိုး ပြန်သွင်းသွားခဲ့သည်။

ယခု သရေပွဲကြောင့် အီတလီမှာ ခြေစစ်ပွဲများတွင် ၅၂ ပွဲဆက်တိုက် ရှုံးပွဲမရှိ ကစားထားနိုင်သည့် စံချိန် ရရှိခဲ့သည်။ ကမ္ဘာ့ဖလားနှင့် ယူရိုပွဲများအတွက် အီတလီအသင်း နောက်ဆုံးရှုံးခဲ့သည်မှာ ၂၀၀၆ စက်တင်ဘာတွင် ကျင်းပသော ယူရို ၂၀၀၈ ခြေစစ်ပွဲတွင် အီတလီက ပြင်သစ်ကို ၃-၁ဖြင့် ရှုံးခဲ့သည့်ပွဲ ဖြစ်သည်။

ယခု ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု G တွင် အယ်လ်ဘေးနီးယားက ၂ပွဲ ကစား ၆မှတ်ဖြင့် ဦးဆောင်နေပြီး၊ အီတလီနှင့် စပိန် တို့က ၄မှတ်စီ၊ အစ္စရေးက ၃မှတ် အသီးသီး ရရှိထားပြီ ဖြစ်သည်။

U Myo Thant

<< Back Europe News


Advertisement
Here