Ligue-1 News

ပွဲပယ်မခံရသော ဘာလိုတယ်လီ

Oct 07 , 2016

လွန်ခဲ့သော တနင်္ဂနွေနေ့ လိဂ်ဝမ်းပွဲစဉ်တွင် နိုက်စ်အသင်း တိုက်စစ်မှုး ဘာလိုတယ်လီမှာ ၂၀ါ၁နီဖြင့် ထွက်ခဲ့ရသော်လည်း ကွင်းလယ်ဒိုင်က ဒုတိယအ၀ါကို ပယ်ဖျက်ပေးခဲ့သဖြင့် ပွဲပယ်ခံရတော့မည် မဟုတ်ဟု သိရသည်။

လော်ရီယင့်အသင်းနှင့် ကစားခဲ့သော ပွဲတွင် ဘာလိုတယ်လီမှာ ပွဲချိန် ၈၆ မိနစ်၌ အနိုင်ဂိုးသွင်းခဲ့ပြီးနောက် ဂျာစီ ချွတ်၍ အောင်ပွဲခံခဲ့သဖြင့် အ၀ါကတ် အပြခံခဲ့ရပြီး နာကျင် အချိန်ပို ၂ မိနစ်တွင် နောက် ၁၀ါ အပြခံခဲ့ရခြင်း ဖြစ်သည်။

သို့သော် ပွဲအပြီး အစီရင်ခံစာတွင် ကွင်းလယ်ဒိုင် သူရယ်က ဘာလိုတယ်လီ၏ ဒုတိယအ၀ါမှာ မပြသင့်ပဲ မှားယွင်းပြမိသည် ဟု ရေးသားထားခဲ့ပြီး၊ ပြင်သစ်လိဂ်ဝမ်း တာဝန်ရှိသူများကလည်း လက်ခံ သဘောတူခဲ့သဖြင့် ဘာလိုတယ်လီမှာ အ၀ါ ၁ခါသာ ရှိတော့မည်ဖြစ်၍ လာမည့် ပွဲစဉ်တွင် ပါဝင်နိုင်မည် ဖြစ်သည်။

နိုက်စ်အသင်းမှာ ၈ပွဲကစား အမှတ် ၂၀ဖြင့် ပြင်သစ်လိဂ်ဝမ်းကို ဦးဆောင်နေသော အသင်းဖြစ်သည်။

U Myo Thant

<< Back Ligue-1 News


Advertisement
Here