Asian Cup News

ဖိတ်ခေါ်ဖလား ရခိုင်ဝင်မပြိုင်

Oct 08 , 2016

တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ကျင်းပမည့် တရုတ်-အာဆီယံမြို့ကြီးများ နိုင်ငံတကာဖိတ်ခေါ်ဖလားပြိုင်ပွဲကို ရခိုင်ယူနိုက်တက်အသင်း ၀င်ရောက်ယှဉ်ပြိုင်ဖြစ်မည်မဟုတ်ဘဲ ရာသီကြိုပြင်ဆင်မှုများကိုသာ ဦးစားပေးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်နင်းဖိတ်ခေါ်ပြိုင်ပွဲကျင်းပရေး ကော်မတီသည် ရခိုင်ယူနိုက်တက်အသင်းအပါအ၀င် ဖိတ်ကြားခံအသင်းများသို့ စပွန်ဆာ အခက်အခဲကြောင့် မူလရေးဆွဲထားသော ပြိုင်ပွဲကျင်းပမည့်ပုံစံမှ လေးသင်းပတ် လည်ပုံစံသို့ ပြောင်းလဲလိုက်ရသဖြင့် ယခုနှစ်တွင် ပြိုင်ပွဲကျင်းပရန် အခက်အခဲများရှိသဖြင့် အနူးအညွတ်တောင်းပန်အပ်ကြောင်း တရားဝင်အကြောင်း ကြားစာပေးပို့ခဲ့သည်။ ပြိုင်ပွဲ ကျင်းပရေး ကော်မတီ သည် မြန်မာကလပ်နှင့် လာအိုကလပ်တို့ကို ပြိုင်ပွဲစာရင်းမှ လျှော့ချခဲ့ခြင်း ဖြစ်သည်။

ရခိုင်ယူနိုက်တက်အသင်းသည် တရုတ်-အာဆီယံမြို့ကြီးများ ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ဖြစ်တော့မည်မဟုတ်ဘဲ လာမည့် ၂၀၁၇ ဘောလုံးရာသီ အိမ်ကွင်းပြင်ဆင်မှုများအပါအ၀င် ရာသီကြိုပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်ယူနိုက်တက်အသင်းမှ သတင်းထုတ်ပြန်ခဲ့သည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here