Asian Cup News

ပြည်ပကလပ်နှင့် ခြေစမ်းမည့် ရခိုင်

Oct 08 , 2016

၂၀၁၇ ခုနှစ် ရာသီမှစတင်၌ ရခိုင်ပြည်နယ် စစ်တွေမြို့၌ အိမ်ကွင်းကျင်းပရန် ပြင်ဆင်နေသည့် ရခိုင်ယူနိုက်တက်အသင်းသည် အိမ်ကွင်းဖွင့်ပွဲကို ဒီဇင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ပြီး ယင်းဖွင့်ပွဲတွင် ပြည်ပကလပ်အသင်းတစ်သင်းဖြင့် ခြေစမ်းကစားရန် စီစဉ်ထားကြောင်း ရခိုင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးဇော်မင်းသိန်းထံမှ သိရသည်။

ရခိုင်ပြည်နယ် ကိုယ်စားပြု ရခိုင်ယူနိုက်တက်အသင်းသည် အိမ်ကွင်းဖွင့်ပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် အသင်းအပ်နှံပွဲနှင့် အတူကျင်းပသွားမည်ဖြစ်ပြီး၊ ယင်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ရှိ ပရိသတ်များ ပွဲကောင်း တစ်ပွဲကြည့်ရှုအားပေးနိုင်ရေး ပြည်ပ ကလပ်အသင်းတစ်သင်းနှင့် ခြေစမ်းပွဲကစားနိုင်ရန် စီစဉ်နေကြောင်း ဦးဇော်မင်းသိန်းက ပြောသည်။

"အိမ်ကွင်းဖွင့်ပွဲကို ဒီဇင်ဘာလမှ လုပ်မယ်။ ပြည်နယ်ကို အသင်းအပ်နှံပွဲလည်း တစ်ခါတည်းလုပ်သွားမယ်။ အဲဒီပွဲမှာ ကျွန်တော်တို့ လက်ရှိမိတ်ဖက်လုပ်ထားတဲ့ ထိုင်းကလပ်၊ လာအိုကလပ် အသင်းတစ် သင်းသင်းနဲ့ ချစ်ကြည်ရေးခြေစမ်းပွဲ ကစား ဖို့ စီစဉ်ထားပါတယ်။ နိုင်ငံတကာပွဲဆိုတော့ အမှားအယွင်းမရှိအောင် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားပါတယ်" ဟု ဦးဇော်မင်းသိန်းက ပြောသည်။

ရခိုင်ယူနိုက်တက်အသင်းသည်  ၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်းကို အိမ်ကွင်း အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

U Myo Thant




<< Back Asian Cup News


Advertisement
Here