Asian Cup News

၂၀၁၆ ဆူဇူကီးဖလား အုပ်စုပွဲစဉ်များ

Oct 08 , 2016

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှုးကျင်းပမည့် ၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်ပြီး၊ အုပ်စုနောက်ဆုံးအဆင့်ပွဲစဉ်များကို မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့၌ ကျင်းပမည် ဖြစ်သည်။

အုပ်စုခွဲဝေထားမှုအရ ဖိလစ်ပိုင်၌ ကျင်းပမည့် အုပ်စု(က)တွင်  ဖိလစ်ပိုင်၊ လက်ရှိချန်ပီယံ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မြန်မာ၌ ကျင်းပမည့် အုပ်စု(ခ)တွင် မြန်မာ၊ မလေးရှား၊ ဗီယက်နမ်နှင့် ခြေစစ်ပွဲ အောင်အသင်းတို့ ပါဝင်လျက်ရှိသည်။

မြန်မာနိုင်ငံ၌ ကျင်းပမည့် အုပ်စု (ခ)ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲကို တစ်ပြိုင်နက်ကစားရမည်ဖြစ်သောကြောင့် နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိကွင်းကို အသုံးပြု မည်ဖြစ်သည်။

အုပ်စုပွဲစဉ်များအဖြစ် နိုဝင်ဘာ ၂၀ရက် ညနေ ၃နာရီတွင် မလေးရှားနှင့် ခြေစစ်ပွဲအောင်အသင်း၊ ညနေ ၆နာရီတွင် မြန်မာနှင့် ဗီယက်နမ်၊ နိုဝင်ဘာ ၂၃ ရက် ညနေ ၃နာရီတွင် မလေးရှားနှင့် ဗီယက်နမ်၊ ညနေ ၆နာရီတွင် မြန်မာနှင့် ခြေစစ် ပွဲအောင်အသင်း၊ နိုဝင်ဘာ ၂၆ ရက် ညနေ ၆နာရီတွင် မြန်မာနှင့် မလေးရှား၊ ၀ဏ္ဏသိဒ္ဓိကွင်း၌ ဗီယက်နမ်နှင့် ခြေစစ်ပွဲအောင် အသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာအသင်းသည် အိမ်ရှင်အသင်းဖြစ်သောကြောင့် အုပ်စုပွဲစဉ်သုံးပွဲစလုံးကို ညနေ ၆နာရီတွင် ကစားမည်ဖြစ်သည်။  ဖိလစ်ပိုင်၌ကျင်းပမည့် အုပ်စု(က)ပွဲစဉ်များအဖြစ် နိုဝင်ဘာ ၁၉ရက်တွင် ထိုင်းနှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် စင်ကာပူ၊ နိုဝင်ဘာ ၂၂ရက်တွင် ထိုင်းနှင့် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်၊ နိုဝင်ဘာ ၂၅ရက်တွင်  စင်ကာပူနှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား မည် ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို တက်ရောက်သည့် အသင်းများ၏နိုင်ငံများတွင် ကျင်းပမည် ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဆူဇူကီးဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပ မည်ဖြစ်ပြီး အောင်မြင်မှုရရှိရန် ပြင်ဆင်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဂတ်ဖရိုင်းဒရစ်က  ကိုင်တွယ်လျက်ရှိပြီး ပဏာမကစားသမား ၂၃ ဦးဖြင့် လေ့ကျင့်လျက်ရှိသည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here