Europe News

၎ဂိုးသွင်းတဲ့ စီရိုနယ်ဒို

Oct 08 , 2016

ပရိသတ် ၂သောင်းခွဲလာရောက်ကြည့်ရှုခဲ့ကြသော ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲအုပ်စု (B) တွင် ပေါ်တူဂီက အန်ဒိုရာကို ၆ ဂိုးပြတ်ဖြင့် နိုင်ခဲ့ပြီး စီရိုနယ်ဒိုက ၄ဂိုးသွင်းယူပေးနိုင်ခဲ့သည်။

စီရိုနယ်ဒိုမှာ ၂မိနစ်၊ ၄မိနစ်၊ ၄၇ မိနစ်နှင့် ၆၈ မိနစ်တို့တွင် ဂိုးများ သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုပွဲတွင် အန်ဒိုရာမှ ဂူဘီယိုမှာ ၆၂ မိနစ် တွင် ၂၀ါ ၁နီ၊ ရီဘက်စ်မှာ မိနစ် ၇၀တွင် တိုက်ရိုက် အနီကတ်တို့ဖြင့် အထုတ်ခံခဲ့ရသည်။

ထိုအုပ်စုတွင် ဆွစ်ဇာလန်က ၂ပွဲကစား ၆မှတ်ဖြင့် ဦးဆောင်နေပြီး၊ ဖာရိုးကျွန်းစုက ၄မှတ်၊ ပေါ်တူဂီက ၃မှတ် လတ်ဗီးလားက ၃မှတ်၊ ဟန်ဂေရီက ၁မှတ် ရရှိထားကြပြီး၊ အုပ်စုဗိုလ်တစ်သင်းသာ ခြေစစ်ပွဲ အောင်မည်ဖြစ်ကာ ဒုတိယနေရာမှ အသင်းမှာ အကောင်းဆုံး ဒုတိယအသင်းများထဲတွင် ပါဝင်ပါက Play-Off ကစားခွင့်ရရှိမည် ဖြစ်သည်။

 

U Myo Thant




<< Back Europe News


Advertisement
Here