Serie-A News

ဈေးကောင်းလိုချင်သော ဂျူဗင်တပ်

Oct 08 , 2016

ချဲလ်ဆီးအနေနှင့် မိမိတို့အသင်းမှ ဗဟိုခံစစ်မှုး ဘိုနုချီကို လိုချင်ပါက ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀နှင့်အတူ စပိန်ကွင်းလယ် ကစားသမား ဖာဘရီဂတ်စ်ကိုပါ အလိုက်ပေးရမည်ဟု ဂျူဗင်တပ်အသင်းက တောင်းဆိုလိုက်သည်။

အီတလီလက်ရွေးစင် ဘိုနုချီကို ယခင်က မန်ယူ၊ မန်စီးတီးအသင်းတို့က လိုချင်ခဲ့ဘူးပြီး၊ ဘိုနုချီမှာ လွန်ခဲ့သော နွေက မန်စီးတီး၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သူ ဖြစ်သည်။

သို့သော် ချဲလ်ဆီး၏ မက်မောဖွယ်ရာ ကမ်းလှမ်းချက်ကြောင့် ကစားသမားအပြင် အသင်းကပါ စိတ်ဝင်စားနေပြီး တောင်းဆိုသည့် အတိုင်း ဖြစ်လာမည်ဟုလည်း ယုံကြည်လျက် ရှိနေသည်။

စပိန်ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်မှာ လက်ရှိ ချဲလ်ဆီးနည်းပြ ကွန်တီ၏ အဓိက ကစားသမားဖြစ်မလာသေးပဲ လဲလှယ်ခွင့် ရပါက ချဲလ်ဆီးက အလိုက်ပေးလဲလှယ်လိုက်မည့် ကစားသမား ဖြစ်သည်။

U Myo Thant




<< Back Serie-A News


Advertisement
Here