Asian Cup News

မြန်မာ ယူ-၂၂ မလေးရှားနှင့် ခြေစမ်းမည်

Oct 10 , 2016

(၂၉) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကျင်းပရန် ၁၀လ ကျော်လိုသေးသော်လည်း ပြင်ဆင်မှုများ စတင်ပြုလုပ်နေသည့် မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းအိမ်ရှင် မလေးရှား ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ ယူ-၂၂ အသင်းနှင့် မလေးရှား ယူ-၂၂ အသင်းသည် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး၊ ဒီဇင်ဘာ ၉ရက်နှင့် ၁၂ ရက်တို့တွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရန် မလေးရှားဘောလုံးအဖွဲ့ချုပ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က မြန်မာ ယူ-၂၂ အသင်းအတွက် အကျိုးရှိမည့် ခြေစမ်းပွဲဖြစ်သောကြောင့် သဘောတူလက်ခံခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မြန်မာ ယူ-၂၂ အသင်းကို ဖွဲ့စည်းရခြင်းမရှိသေးသော်လည်း ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်းမှ ကစားသမားများကို အမာခံထားကာ ၂၀၁၅ ဆီးဂိမ်းပြိုင်ပွဲ ငွေ တံဆိပ်ဆုရ ယူ-၂၃ အသင်းမှ အသက်မီသည့် ကစားသမားများ၊ ယူ-၁၉ အသင်းမှ အလားအလာရှိသည့် ကစားသမားများဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။

ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က ကိုင်တွယ်မည်ဖြစ်ပြီး ၂၀၁၅ ဆီးဂိမ်းငွေတံဆိပ်ဆုရ နည်းပြအဖွဲ့ကိုပင် ဆက်လက်တာဝန်ပေးအပ်ဖွယ်ရှိနေသည်။ မြန်မာ ယူ-၂၂ အသင်းကို ပဏာမ ကစားသမား ၃၀ ကျော်ဖြင့် ဖွဲ့စည်းဖွယ်ရှိနေပြီး လူစာရင်းကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ ယခု ဖွဲ့စည်းမည့် မြန်မာ ယူ-၂၂ အသင်းတွင် ပါဝင်လာဖွယ်ရှိနေ သည့် အောင်သူ၊ နန္ဒကျော်၊ ရန်နိုင်ဦး၊ သန်းပိုင်တို့ ပါဝင်သော မြန်မာ ယူ-၂၀ အသင်းသည် ၂၀၁၅ ခုနှစ်က မလေးရှား ယူ-၂၀ အသင်းနှင့် ခြေစမ်းကစားခဲ့ဖူးပြီး မြန်မာအသင်းက သုံးဂိုးပြတ် အနိုင်ရခဲ့သည်။

U Myo Thant

<< Back Asian Cup News


Advertisement
Here